<Unicode>
Ph က uni ပြောင်းမရသေးတာကြောင့် error တွေပါနိုင်ပါတယ် ပြင်ဖတ်ပေးပါနော်😁✌🍓🍓🍓
ကျွန်တော်က မဖြစ်နိုင်တဲ့ ချစ်ခြင်းတရားလေးကို ကောင်းကင်ပေါ်ကကြယ်လေးအဖြစ်ပဲသိမ်းဆည်းထားလိုက်ချင်တယ်။
ပန်းလေးအဖြစ်နဲ့ ခူးဆွတ်မိလိုက်ရင် ဆုံးရှုံးမှုက သိပ်ကိုကြီးမားသွားနိုင်တယ်လေ။
အဲ့ဒီတော့....... ကြယ်လေးအဖြစ်နဲ့သာ ကောင်းကင်ထက်မှာ သူပျော်ပါစေလေ။🍓🍓🍓
"ရိပေါ်ကောကော အားတဲ့နေ့ကျ ချူးချူးတို့အိမ်အလည်လိုက်ရမယ်နော်"
"ရိပေါ်ကောကော ဘယ်တော့လောက်နေ့လည်စာစားမှာလဲဟင်"
"ရိပေါ်ကောကော...... ရိပေါ်ကောကော"
ခပ်ရဲရဲမျက်နှာကြီးနဲ့ အနည်းငယ်မျှစူပုတ်လို့ ခပ်သွက်သွက်လျှောက်နေတဲ့သူနဲ့ ဘေးကပ်ရက်ကနေ စကားတစ်တွတ်တွတ်ပြောရင်းလိုက်နေတဲ့သူ နှစ်ယောက်ကို လီယန်ပြုံးပြုံးကြီးရပ်ကြည့်နေဖြစ်တယ်။ မြင်ကွင်းလေးကကြည်နူးစရာလေးပဲ။ ရုပ်တည်တည်သူနာပြုကောင်လေးနဲ့ ချစ်စရာသခင်မလေးရဲ့ Romantic scene လေးပေါ့လေ။
"ဒုန်း"
နောက်ကျောကထွက်လာတဲ့အသံကျယ်ကျယ်ကြောင့် လီယန်ကျောက မတ်ကနဲ ဖြစ်သွားရတယ်။ ကြည့်ရတာ တစ်ယောက်ယောက်က သူမှီရပ်နေတဲ့ ကောင်တာပေါ်ထုရိုက်လိုက်ပုံ။ သူ့နောက်ကျောကရုတ်ရက်ကြီးအေးစက်လာသလိုပဲ။ နောက်လှည့်ကြည့်လိုက်တော့ အေးစက်ခက်ထန်နေတဲ့ မျက်နှာကြီးနဲ့တိုးတယ်။
"ဆ...ဆရာရှောင်း"
"သူနာပြုလီ....ဘာအလုပ်မှမရှိဘူးလား..."
"ဒါက ကျွန်တော့်နားချိန်ရောက်...."
"ရှေ့ကို အရေးပေါ်လူနာရောက်လာရင်ရော နားနေအုံးမှာပဲလား.... သူနာပြုလီ.....အချိန်ကိုအကျိုးရှိစွာအသုံးချပါနော်..... ကျွန်တော်ကအကြံပေးတာပါ"
အေးစက်စက် မျက်နှာပေးနဲ့သူပြောချင်ရာပြောပြီး ခေါင်းညိတ်လှည့်ထွက်သွားတဲ့သူကိုကြည့်ပြီး လီယန်တစ်ယောက်ကြောင်တောင်တောင်နဲ့ကြံခဲ့တယ်။ ဦးနှောက်ကိုစက္ကန့်ပိုင်းလောက်အလုပ်ပေးလိုက်တော့မှ သူနားလည်သွားတယ်။ သူက တစ်စုံတစ်ယောက်ကိုယ်စား ဒေါသတွေကိုလက်ခံယူလိုက်ရတာပဲ။