<Unicode>
" ပြန်လိုက်ပို့ပေးတာ ကျေးဇူးပါ ဦးလေးလီ"
ခပ်ဖွဲဖွဲကျဆင်းနေတဲ့ နှင်းမှုန်လေးတွေကြားလမ်းလှေျှာက်ချင်သေးသဖြင့် ဦးလေးလီအား လမ်းထိပ်မှာသာ ချပေးခိုင်းလိုက်တယ်။ ရိပေါ်တို့ ဒီည ဂျူတီမရှိသော်လည်း ဆေးရုံမှာနောက်ကျသည်ထိရှိနေဖြစ်သွား၍ အျပန္ကို ဦးလေးလီက ကားဖြင့်လိုက်ပို့ပေးခြင်းပင်။
"ရိပေါ်.....မင်းသိလား"
"ဘာကိုလဲ"
"ဒီညေန ဆရာရှောင်းကို ဆေးရုံမှာမတွေ့မိဘူး"
"ဒီညအတွက် သူ့ဂျူတီမရှိဘူးလေ.... အိမ်ပြန်ပြီးနားနေတာနေမှာပေါ့"
"အင်း.....အဲ့ဒါကဟုတ်ပါတယ် ဒါပေမယ့် အရင်ကဆို ဂျူတီမရှိရင်တောင် ဆေးရုံမှာအမြဲရှိနေတဲ့ဟာ"
"မသိဘူး သူရှိမရှိငါတို့နဲ့ဆိုင်သလား"
ရိပေါ် လီယန္ကို စိတ်ပေါက်ပေါက်နဲ့ ဘောက်ဆတ်ဆတ်ပြောလိုက်တယ်။ ဘယ့်နှယ်။ ရှောင်းကျန့် ဘာလုပ်နေနေ သူတို့နဲ့ဆိုင်သလား။ အထူးသဖြင့် သူနဲ့ဆိုင်သလား။ ဟိုက မွေးမိခင်နဲ့ ဇနီးလောင်းလေးနဲ့ ချိုမြိန်တဲ့ညစာ စားချင်စားနေမှာပေါ့။
"ရိ....ရိပေါ်....ဟိုရှေ့ကဘာကြီးလဲ"
ရိပေါ်ရော လီယန်ရော ခြေလှမ်းတွေတန့်သွားတယ်။ သူတို့ခြံရှေ့မှာ ဘာကြီးလဲ။ အညိုရောင်အင်္ကျီကြီးပုံနေတာလား။
"ဆ.....ဆရာရှောင်း?"
အနီးနားတိုးလို့ ကြည့်မိတော့ အညိုရောင် ကုတ်အင်္ကျီကြီးနဲ့ အနီရောင်မာဖလာထဲ လူတစ်ကိုယ်လုံးမြှုပ်နေပြီး နှင်းတွေဖွေးနေတဲ့ ရှောင်းကျန့်။ သူတို့အသံကြားသွားတော့ ငုတ်တုတ်ကြီး မလှုပ်မယှက် ထိုင်နေရာကနေ မော့ကြည့်လာတယ်။
"ကျစ်.....မူးနေတာပဲ"
ရိပေါ် ခပ္တိုးတိုး ရေရွတ်မိတယ်။ နီရဲနေတဲ့ပါးတွေ၊ နားရွက်တွေ၊ ရီဝေနေတဲ့မျက်ဝန်းတွေ။ ရိပေါ်ကိုမြင်တော့ ဟီးခနဲပြုံးပြလာတဲ့ အဲ့ဒီလူက ဘယ်လောက်တောင် သောက်လာလဲမသိ။
"Wavy လေးပဲ.....ကိုယ့်ရဲ့ wavy လေး ပြန်လာပြီလား...."
ထရပ်ပြီး သူ့အနားကပ်လာတဲ့ ရှောင်းကျန့်က ယိုင်တိုင်တိုင်။