🍀3

769 114 18
                                    

<Unicode>

ဘာလိုလိုနဲ့ ရိပေါ်တို့ Xìngfú ကိုရောက်တာ တစ်ပတ်ပြည့်ခဲ့ပြီ။ ဆေးရုံက ဝန်ထမ်းတွေနဲ့လည်း အတော်အသင့်ရင်းနှီးနေကြပြီ။ လူနာတွေကလည်း ပါးဖောင်းဖောင်းစူပုတ်ပုတ်လေးနဲ့ နွေးထွေးတဲ့ သူနာပြုလေးရိပေါ်ကို မျက်မှန်းတန်းမိနေကြပြီ။

နယ်ဆေးရုံးငယ်လေးမို့ ယူရတဲ့တာဝန်တွေကများသလို night duty လည်း ပေကျင်းမှာတုန်းကထက်ပိုဆင်းရတယ်။ ဒါကလည်း အခက်အခဲလို့တော့မဆိုနိုင်။ ရိပေါ်တို့က ငယ်ရွယ်သွက်လက်တဲ့လူငယ်လေးတွေပဲလေ။ အလုပ်ဂျပိုးလေးတွေပေါ့။

ရိပေါ်တို့အတွက်အဆင်မပြေတာကတော့ ကြက်ကြော်နဲ့ဘီယာတွေမပေါများခြင်းပါပဲ။ တော်သေးတာက လတ်ဆတ်တဲ့အသီးအရွက်တွေနဲ့အသားငါးတွေပေါများနေသေးလို့သာ။

ရိပေါ်က အချစ်မရှိပဲရှင်သန်နိုင်ပေမဲ့ အစားစာကောင်းတွေမရှိပဲ မရှင်သန်နိုင်ပါ။

မနက်ခင်းအချိန်ရတဲ့နေ့ဆို ရွာရဲ့တစ်ခုတည်းသော ဖက်ထုပ်ဆိုင်ကိုပြေးမယ်။ ဖက်ထုပ်ပူပူလောလောကို ခပ်သွက်သွက်စားပြီး စက်ဘီးလေးနဲ့ ​ဆေးရုံလေးဆီ အသော့နှင်လို့ တစ်နေ့တာကိုစတင်မယ်။ ဒါဟာ ရိပေါ်တို့ရဲ့ လတ်တလောဖြတ်သန်းနေရတဲ့ ရိုးရှင်းလှသော တစ်နေ့တာလေးတွေပေါ့။

"မောနင်း..... wavy"

အော်......သူမေ့သွားတာပဲ။ ခုတလော သူရဲ့တစ်နေ့တာတွေထဲမှာ 'wavy' 'ပေါင်မုန့်လုံး' 'ပေါက်စီလုံး' စတဲ့မွေးမေမေ မပေးခဲ့ဖူးတဲ့ အမည်ပေါင်းစုံကို တဖွဖွခေါ်နေတတ်တဲ့ လူတစ်ယောက်ရှိလာတယ်။ အဲ့ဒီလူက မုန်းစရာကောင်းတဲ့ အပြုံးချိုချိုတွေနဲ့ မိစ္ဆာကြီးရှောင်းကျန့်။

"မျက်လုံးတွေဖောင်းအစ်နေပုံထောက်ရင် ကောင်းကောင်းအိပ်ပျော်ခဲ့ပုံပဲ.......ဒီနေ့အတွက် fighting နော် wavy"

နေ့တိုင်း ပြုံးရွှင်လို့ စကားဆိုတတ်တဲ့ ရှောင်းကျန့်ကို တွေ့နေရတာ ရိပေါ်စိတ်ထဲ ခုလုလု။ သဘောမကျတာလားဆိုတော့လည်း မဟုတ်ပြန်။ စိတ်ထဲမှာ တစ်ခုခုကိုအားမလိုအားမရဖြစ်နေသလိုမျိုး။ အတိတ်တွေကိုမေ့ထားလိုက်ချင်တာလည်းသူကိုယ်တိုင်ဆိုပေမဲ့ ရှောင်ကျန့်ကိုတော့ ဘယ်တော့မှမမေ့စေချင်ဘူး။ ရှောင်ကျန့်က သူနဲ့ပတ်သက်ပြီး အကုန်မေ့ပစ်လိုက်တာလားဆိုတဲ့အတွေးက မွန်းကြပ်စေတယ်။ ဒေါသလည်း ထွက်ရတယ်။ အနည်းဆုံးတော့ ရှောင်ကျန့်က သူ့ကို အားနာနေသင့်ပါတယ်။

Write  poem for you Where stories live. Discover now