🍓2

909 122 22
                                    

<Unicode>
ကံတရားဟာ ဆန်းကြယ်တယ်။
ပြေးလိုက်ရင် အဝေးကြီးဝေးလို့
ရှောင်ပြေးတဲ့အခါကြလဲ ရှေ့တည့်တည့်မှာ ရောက်လာပြန်တယ် ။

နဂိုအတိုင်း မပြောင်းလဲတဲ့ အကြည့်စူးစူးတွေ ၊ မျက်လုံးထဲက မာန်မာနတွေ၊ ယုံ​ကြည်
ချက်အပြည့်နဲ့ စကားသံတွေ.... အားလုံးဟာ အရင်အတိုင်း ၊ပြီးတော့ အထင်သေးတတ်တာတွေဟာလဲ အရင်အတိုင်းပဲ ဖြစ်နေပါလိမ့်မယ် ။

ငယ်ရွယ်မှု နဲ့ ရူးမိုက်ခြင်းဆိုတာ
Coin တစ်ခု ရဲ့ ခေါင်းနဲ့ ပန်းလို ဒွန့်တွဲလျက်
ရှိမှာပဲ ၊ ရိပေါ်ကတော့ လူငယ်ဘဝရဲ့ ရူးသွပ်ခဲ့တာတွေ အတွက် ဘယ်တော့မှ နောင်တမရမိခဲ့ဘူး။ ပြီးတော့ ဒီလူအပေါ် ထားခဲ့မိတဲ့
ချစ်ခြင်းမေတ္တာတွေ အတွက်ရောပေါ့....

ဒါပေမဲ့ တကယ်သာ အချိန်တွေ ပြန်ဆုတ်လို့ရခဲ့မယ်ဆို  အဲ့ဒီနေ့ကို ပြန်သွားလို့ သူရဲ့ ခံစားချက်တွေ အကုန်လုံးကို ဖွင့်မထုတ်ပဲ သိမ်းဆည်းထားလိုက်မှာ.... သူရဲ့ မာနတွေ ကိုယ့်ကိုကိုယ် တန်ဖိုးထားမှုတွေ ယုံကြည်မှုတွေ
အစအန မကျန် ကျပျောက်ခဲ့တဲ့နေ့.....

စကားလုံးတွေဆိုပေမဲ့ သူ့နူတ်ဖျားက
ထွက်ကျခဲ့တာဆိုတော့ အဆိပ်ထက်ပြင်းပါတယ်။
လူကို မသတ်နိုင်ပေမဲ့ စိတ်ကို သတ်နိုင်ပါတယ်။
တကယ့်ကို ဘက်စုံမှာတော်တဲ့
ဆရာရှောင်းပါပဲလေ ။

🍓🍓🍓

" အဲ့ဒါ မင်းကြောင့် မင်းကြောင့်
မင်း အချိုးမပြေလို့ ငါခံရတာ "

နေရမဲ့ အိမ်သေးသေးလေးကို
ရွာလူကြီးတွေက လိုက်ပို့လို့ ပြန်သွားပြီး ခဏမှာပဲ ရိပေါ်က လီယန့်ကျောကို တအုန်းအုန်း ထုလို့ မင်းကြောင့်ဆိုတဲ့ စကားကို ဆယ်ခါမက ရွတ်ပါတယ် ၊ ဘယ်တတ်နိုင်မလဲလေ။ လီယန်လဲ ဒါတွေ သိလို့မှ မဟုတ်ပဲ ။

Beijingက ဆေးရုံမှာ training လာယူတဲ့
သူနာပြုပေါက်စလေး အားမိန်ကို ချစ်စရာကောင်းလို့ သူက နည်းနည်း လိုက်စရုံပါပဲ ၊ ဒါကို အဲ့ဒီ မနူးမနပ်ကလေးမလေးက ဆေးရုံအုပ်ကို သွားတိုင်တယ်တဲ့....

ဒီလိုကိစ္စသေးသေးလေးကို ဆေးရုံအုပ်ထိ တက်တိုင်တော့ သက်သက်လာရှုပ်တယ်ဆိုပြီး
ဆေးရုံအုပ်က အဖက်မလုပ်မှာ သေချာတော့ လီယန်တို့က အေးဆေးပဲပေါ့ ၊ ဒါပေမဲ့ မအေးဆေးတာကတော့ သူစလိုက်တဲ့ အားမိန်ကလေးဟာ ဆေးရုံအုပ်ရဲ့ တူမဖြစ်နေတာပဲ ...

Write  poem for you Where stories live. Discover now