<Unicode>
အေးစက်နေတဲ့လက်တစ်စုံနဲ့
ကာရန် မညီတဲ့ ကဗျာလေးတွေရေးခဲ့ဖူးတယ်။သူပြုံးနေတဲ့ရက်တွေမှာ စာရွက်လေးကအဝါရောင်လေး။
သူငိုနေတဲ့ရက်တွေမှာတော့စာရွက်လေးက မီးခိုရောင်လေး။
သူရဲ့ဂရိုက်မှုသေးသေးလေးတွေကို ရရှိခဲ့တဲ့နေ့စွဲတွေမှာတော့ စာရွက်လေးက ပန်းနုရောင်ကလေး။
အဲ့ဒီလိုမျိုး သူ့ကိုချစ်ခဲ့မိတဲ့နေ့စွဲတွေဟာ အရောင်စုံခဲ့ဖူးတယ်။
အချစ်ဦးတဲ့။ အချစ်ဆုံးလည်းဖြစ်ခဲ့ပါတယ်။ ရောင်စုံစာရွက်လေးတွေပေါ်က ကဗျာလေးတွေမှေးမိန်သွားခဲ့သည့်တိုင် သူ့ကိုချစ်မိနေတုန်းပါပဲ။
🍓🍓
"ဝမ်ရိပေါ်.....အဲ့ဒီတုန်းက ဝမ်ကလေး ဟုတ်တယ်မလား"
ဘယ်တုန်းက အနားရောက်လာလည်းမသိတဲ့ ချွန်းဟွာကျဲကို ရိပေါ် ခပ်လျော့လျော့ ပြုံးရင်းခေါင်းညိတ်ပြလိုက်တယ်။
"မှန်နေတာပဲ ပြန်တွေ့ရတာ ဝမ်းသာပါတယ်"
ရိပေါ်က အသိမှတ်ပြုတဲ့သဘောနဲ့ပဲ ခေါင်းညိတ်ပြုံးပြဖြစ်တယ်။ ဝမ်းသာပါတယ်လို့တော့ သူမဆိုချင်ပါ။ မမုန်းပေမဲ့ ထပ်ပြီးမဆုံချင်တော့တဲ့ရေစက်တွေပဲမဟုတ်လား။
"ရိပေါ်လေးက အရင်လို ချစ်စရာကောင်းနေတုန်းပဲ။ အင်း......အရင်နှစ်တွေတုန်းကတောင် ကျဲ ကျန့်ကျန့်ကို ရိပေါ်အကြောင်းမေးဖြစ်သေးတယ်။ သူပြောတာမတွေ့ဖြစ်တာကြာပြီတဲ့။"
"အင်း.....ဟုတ်တယ်။ ဆရာရှောင်း နိုင်ငံခြားထွက်သွားတည်းက ကျွန်တော်တို့မတွေ့ဖြစ်ကြတော့တာ။"
ရိပေါ်ဖွင့်ပြောပြီး လအနည်းငယ်အကြာမှာ ရှောင်းကျန့်က ထွက်သွားခဲ့တာ။ သူ့ကိုတစ်ချက်တောင် ပြန်မကြည့်ပဲနဲ့ပေါ့။ အဲ့ဒီရက်တွေတုန်းကဆို ရိပေါ်ကအရူးတစ်ပိုင်းပါပဲ။ စိတ်ဆိုးတယ်။ မွန်းကျပ်တယ်။ ဘယ်အရာကိုမှစိတ်တိုင်းမကျခဲ့ဘူး။ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ်ပေါ့။
"ဒါနဲ့လေ.... ရိပေါ်လေး ကျဲ တစ်ခုလောက်မေးလို့ ရမလားဟင်"
ချွန်းဟွာရဲ့ အမေးစကားက လွှင့်ပျံစပြုနေတဲ့သူ့အတွေးတွေကို ပြတ်တောက်စေတယ်။