<Unicode>
ဘဝကဗျာထဲကို
အချစ်ကာရံလေးပေါင်းထည့်လို့
ချစ်ခြင်းကဗျာလေးတစ်ပုဒ်ကို ရေးစပ်ဖြစ်ခဲ့တယ်။
တစ်ဘဝလုံး ဆိုညဉ်းပါရစေကွယ်....။🍓🍓🍓
Past~
~ဆံနွယ်လေးတွေကောက်ပေမဲ့
စိတ်ဓာတ်လေးကဖြောင့်ပါတယ်
ပါးလေးတွေဖောင်းပေမဲ့
ရုပ်ခံလေးက မဆိုးပါကွယ်
ဆရာရှောင်း ပြန်ကြိုက်ဖို့သာလိုပါတယ်~~စူပုတ်ပုတ် နှုတ်ခမ်းလေးတွေက
ချိုချိုသာသာမဆိုတတ်ပေမဲ့
မင့်ရဲ့ မှဲ့နက်လေးကိုတော့ နွေးစေနိုင်ပါတယ်
ယုံကြည်လိုက်ပါအချစ်ရယ်~"အား!......ငါဘာတွေရေးနေတာလဲ!"
ရှက်ရှက်နဲ့ ရေးမှတ်လက်စ စာမျက်နှာကို ဆွဲဖြဲလုံးချေလိုက်တယ်။ လေ့လာနေတာက cardiac system အကြောင်းလေ။ ဘယ်လိုကဘယ်လို နှလုံးသားက လမ်းမှားသွားရတာလဲ။
"ရူးနေပြီပဲ.... ဝမ်ရိပေါ်... မင်းရူးနေပြီ"
စိတ်ညစ်ညစ်နဲ့ ငြီးတွားရင်း စားပွဲခုံပေါ်ကို ခေါင်းမှောက်ချလိုက်တယ်။ မျက်နှာပေါ်အုပ်ကျလာတဲ့ ဖွားဖက်တော် ဆံပင်ကောက်တွေကို ဖူးကနဲ မှုတ်ထုတ်လိုက်တော့ ဗိုက်ထဲက ဂွီကနဲ မြည်လာတယ်။ ခေါက်ဆွဲပြုတ်အချိန်ရောက်ပြီပဲ။
"လီယန်!"
သူ့ရဲ့ခေါ်သံကို ဖုန်းတစ်လုံးနဲ့ အချစ်နွံထဲနစ်နေတဲ့ ကိုယ်တော်ချောက မကြား။ ဖက်လုံးကို အားပါးတရခွလို့ ရည်းစားအသစ်လေးနဲ့ တစ်တီတူးနေလေရဲ့။ တစ်ဖက်ကမိန်းကလေးကတော့ကြည်နူးနေမလား မသိပေမဲ့ ရိပေါ်ကတော့ ရှပ်အင်္ကျီပြောင်းပြန်၊ ဘောင်းဘီတိုနဲ့ ဖုန်းကိုပါးပေါ်တင်လို့ တင်ပါးကို တဗျင်းဗျင်းကုတ်ရင်း တော်ကီတွေလွှတ်နေတဲ့ လီယန်ကို ကြည့်မရတော့။
"လီယန်!!!"
Vocal မြင့်မြင့်ကိုသုံးလို့ ခြေထောက်နဲ့ လှမ်းကန်မှ တစ်ကောင့်သားက အဖက်လုပ်လာတယ်။
"ခေါက်ဆွဲထုပ်စိုက်မှာလား....ကြက်ဥလား"
"ကြက်ဥ"
"ပြုတ်မှာလား ဆေးမှာလား"
"ဆေးမယ်"
"Okay!"အတိုင်ဖောက်ညီစွာ ကိုယ့်တာဝန်ကိုယ် ခွဲဝေပြီးတဲ့အခါ ရိပေါ်က နာမည်ကျော် စားဖိုမှုးကြီးစတိုင်လ်နဲ့ ခေါက်ဆွဲပြုတ်တယ်။ လီယန်ကတော့ စားလို့ရပြီ ဆိုမှ ကောင်မလေးကို kiss တွေပေးပြီးထလာတယ်။