<Unicode>
အချစ်ကြောင့် အနာကျင်ရဆုံးအချိန်တစ်ခုရှိတယ်။
သူက ချစ်ရကြောင်းဆိုလာပြီး
ကျွန်တော်ကမယုံကြည်ရဲတော့တဲ့အချိန်မှာပေါ့.......🍀
ရှောင်ပြေးနေရတာကခက်ခဲလှတယ်။ သို့ပေမယ့် တွေ့ဆုံဖို့လည်း ကြောက်ရွံ့နေမိပြန်တယ်။
ဘာကြောင့်လဲ။
သူကဖမ်းဆုပ်ထားမှာကြောင့်လား။
ဒါမှမဟုတ် ကိုယ်ကတိုးဝင်မိမှာကြောင့်များလား။"ရိပေါ်.....wavy!.....ခဏ....ရပ်ပါအုံးကွာ....နော်"
ခွဲစိတ်ခန်းဝတ်စုံကိုတောင်မချွတ်ရသေးပဲ နောက်ကနေအသည်းအသန်ပြေးလိုက်လာတဲ့ရှောင်ကျန့်ကြောင့် ရိပေါ်ရင်မောရတယ်။ သက်ပြင်းငွေ့ငွေ့ချလို့ရပ်တန့်ပေးလိုက်ပြန်တော့လည်း ရှေ့မှာပိတ်ရပ်ထားတဲ့အဲ့ဒီလူက ဘာမှမဆိုလာ။ သူ့ကြည့်ရတာ ရိပေါ်နဲ့မျက်နှာချင်းဆိုင်ရဖို့သာလုံးပန်းနေခဲ့ပြီး စကားလုံးတွေကိုမရွေးချယ်ရသေးသည့်ပုံ။ ဒါကလည်း မဖြစ်သင့်တာတော့မဟုတ်ပါ။ ဒီအတောအတွင်း ရှောင်းကျန့်အနေနဲ့ ရိပေါ်ကိုစကားပြောခွင့်ရဖို့ အတော်လေးကြိုးပမ်းခဲ့ရသည်မဟုတ်လား။
အရက်မူးပြီးသည့်ညနောက်ပိုင်း ရိပေါ်ကလုံးဝမျက်နှာချင်းမဆိုင်ခဲ့။ အလုပ်နှင့်ပတ်သက်၍မလွဲမရှောင်သာအခြေနေမှသာတွေ့သည်။ ရှောင်းကျန့်ကခေါင်းမာစွာကြိုးပမ်းလျှင်ရိပေါ်ကခက်ထန်စွာတုံ့ပြန်သည်။
ရှောင်းကျန့်ကလည်းဇွဲ့မလျှော့။ မနက်တိုင်းစောစောထပြီး ရိပေါ်တို့ခြံဝင်းရှေ့မှာစောင့်သည်။ ရိပေါ်ကလည်း နောက်ဖက်ခြံစည်းရိုးကိုကျော်ကာထွက်သည်။ ဆေးရုံမှာ ရှောင်းကျန့်အရိပ်ကိုမြင်လျှင်အတတ်နိုင်ဆုံးဝေးဝေးရှောင်သည်။ အလုပ်နှင့်အကျပ်ကိုင်၍ခေါ်လျှင်လည်း ဘွင်းဘွင်းငြင်းဆိုပစ်သည်။
ဤသို့ ကလေးများပြေးတမ်းလိုက်တမ်းဆော့သလိုအနေအထားမျိုးဖြစိနေခဲ့သည်မှာတစ်ပတ်ပင်ပြည့်လောက်ပြီ။ ရိပေါ်လည်းသိပါသည်။ သူရှောင်းကျန့်ဆီကနေ အမြဲတမ်းတော့မပုန်းရှောင်နိုင်ပါ။"ကိုယ်.....ကိုယ်ပြောချင်တာက...."
တွန့်ဆုတ်နေတဲ့သူကိုကြည့်ပြီး သူပြုံးလိုက်သည်။