🍀7

638 92 12
                                    

<Unicode>
ဘဝဆိုတာ ပုံပြင်စာအုပ်လေးတစ်အုပ်ဆိုရင်
ကိုယ် ဘယ်သောအခါမှ
ချန်လှပ်မထားချင်ခဲ့တဲ့ စာမျက်နှာလေးဟာ
မင်းပါပဲ.......။

🍓🍓🍓

Past~

နှာခေါင်းလုံးလေးပေါ် ငိုက်ကျလာတဲ့ ပါဝါမျက်မှန်ထူလေးကို လက်ညိုးလေးနဲ့အသာပင့်တင်လိုက်တယ်။ မျက်လုံးဝိုင်းလေးတွေကတော့ ခပ်ထူထူစာအုပ်ကြီးတစ်အုပ်ဆီကမခွာ။

"Okay! အချိန်ကျပြီ"

လက်ကနာရီကိုတစ်ချက်ကြည့်ပြီး စာအုပ်ထူကြီးကိုပိတ်သိမ်းလိုက်တယ်။ ခုံတန်းပေါ်တင်ထားတဲ့ ကျောပိုးအိတ်အစိမ်းလေးကို ဆွဲယူ၊ စာအုပ်တွေကို လက်တစ်ဖက်ကပွေ့လို့ sandwich တစ်ခုကို ပါးစပ်ထဲထိုးထည့်လိုက်တော့ နဂိုဖောင်း​နေတဲ့ ပါးတွေက ပေါက်ကွဲတော့မယောင်။ မျက်နှာရှေ့ဝဲကျလာတဲ့ ဆံပင်ကောက်ကောက်လေးတွေကိုလည်း မမှီမကမ်းနဲ့ လှမ်းသပ်တင်ရသေးရဲ့။ 

ဗရုတ်သုတ်ခနိုင်နေမယ်မှန်း ကိုယ့်ကိုယ်ကိုယ်သိနေပေမဲ့ ရိပေါ်က ဒီလိုအကျင့်တွေကိုမပြင်ချင်ပါ။ မားကလည်း ပြောဖူးတယ်လေ။ ရိပေါ်က ဘယ်လိုနေနေ ချစ်ဖို့ကောင်းနေတာပဲတဲ့။

ခေါင်းကို အသာငုံ့လို့ ကိုယ့်အတွေးနဲ့ကိုယ်သဘောတကျပြုံးလိုက်မိတယ်။

"တစ်ဆိတ်လောက်....ပါမောက္ခရုံးခန်းကို လမ်းညွှန်ပေးလို့ရမလားဗျ"

ချိုသာတဲ့တောင်းဆိုသံနဲ့အတူ မျက်စိရှေ့မှာ စုံရပ်လာတဲ့ လူတစ်ယောက်။ ရိပေါ် ဝါးလက်စမုန့်ကို ခဏရပ်လို့ မျက်မှန်လေးကိုင်းလေး အသာမရင်း ချောင်းတစ်ချက်ဟန့်လိုက်တယ်။ ဘာရယ်လို့မဟုတ်ပါပဲ၊ သူစိမ်းရှေ့မှာတော့ ပုံပန်းပျက်မနေချင်တာကြောင့်။

"ဟိုနားလေးက သုံးထပ်ရှိတဲ့အဆောက်အဦးခပ်ဝါဝါကိုတွေ့လား"
"အင်း"
"အွန်း....အဲ့ဒီက သုံးထပ်မြှောက်မှာပါ"
"သြော်.... ဟုတ်ပြီ ဟုတ်ပြီ"
"ကျေးဇူးပါ..... "

ကိုယ်ကိုအသာကိုင်းလို့ ကျေးဇူးတင်စကားပြောလာတဲ့ အဲ့ဒီလူရဲ့ အပြုံးတွေက သိပ်ကိုလှတယ်။ ညီညာနေတဲ့သွားတန်းဖွေးဖွေးလေးတွေမှာမှ ရှေ့သွားလေး နှစ်ချောင်းကခပ်ကြီးကြီးနဲ့။ ရိုးရိုးအညိုရောင် ရှပ်လက်ရှည်ကို လက်ခေါက်တင်ဝတ်ထားပုံက ဒီလူနဲ့မှပိုလိုက်ဖက်နေသလို။ ကြည်လင်တဲ့မျက်ဝန်းတွေနဲ့ ဆုံစည်းမိတော့လည်း ရိပေါ်မှာငေးခနဲ။

Write  poem for you Where stories live. Discover now