<Unicode>
(Past)ရိပေါ့် အသည်းကို
ယုန်စားသွားပြီးတဲ့နောက်မှာ
စာသင်ခန်းထဲက အရိုးခြောက်က အစ
ကဗျာဆန်ဆန်လှပနေပါတယ် ။ရှောင်းကျန့်ဆိုတဲ့ နာမည်လေးကို ခပ်ဖွဖွရွတ်လို့ အားနေတိုင်းလဲ ဘာရယ်မဟုတ် x-i-a-o-z-h-a-n ဆိုပြီး တစ်လုံးချင်းစီ စာလုံးပေါင်းနေတတ်ပြန်ရော ။
ကျောင်းကို ဘွဲ့လွန်လာတတ်တဲ့ စီနီယာလဲ
ဖြစ်နေနိုင်တယ်ဆိုပြီး မဟာတန်းတွေဘက်ကို
အူလည်လည်နဲ့ ရောက်ရောက်သွားတာလဲ
တစ်ပတ်လောက်ရှိပြီ ၊ သူကတော့ သူမဟုတ်သလို ပျောက်နေတုန်းပါပဲ ။စီနီယာအမကြီးတွေကလဲ သူတိုဘက်ကို
အားတိုင်းရောက်လာနေတဲ့ ရိပေါ်ကို စကုန်ကြပြီ ၊ အရင်ကလည်း presentation တွေအတွက် အကူအညီလာတောင်းရင်း ရောက်နေတတ်ပေမဲ့ အခုက ချောင်းပေါက်နေပြီဆိုတော့ သူတို့လဲ မသင်ကာတော့ဘူး ထင်ပါရဲ့ ။ဘဝကြီးက မျက်လှည့်ဆန်ပါတယ်...
မီးခိုးငွေ့တွေထဲကနေ ဝှီးခနဲ နှင်းဆီပန်းလေးပေါ်လာတတ်သလိုမျိုး
အဲ့ဒီလူကလဲ ရိပေါ်ရှေ့ကို တံခါးကို ဝုန်းခနဲ ဖွင့်လို့ ရောက်လာခဲ့ပါတယ် ။လက်တွေ့ပိုင်းကို ပို့ချပေးမဲ့ Assistant professor ပါဆိုတဲ့ မိတ်ဆက်မှုကို ကြားပြီးတဲ့နောက် ရိပေါ် ကြက်သေ သေ သွားခဲ့ရပါတယ် ၊ တကယ်ကတော့ သူတစ်ယောက်တည်းမဟုတ်ပဲ တစ်ခန်းလုံး အံဩသွါးခဲ့ရတာပါပဲ ၊ ဆရာအသစ်ရောက်မယ်ဆိုတဲ့ သတင်းကြားပေမဲ့ ထုံးစံအတိုင်း မျက်မှန်ထူထူတက်လို့ vocal ကောင်းကောင်း နဲ့ ဆူငေါက်တတ်မဲ့လူလို့ ထင်ထားခဲ့ကြတာကိုး ။
အခုတော့ ရောက်လာတဲ့ဆရာက
ကြည်စင်နေတဲ့ မျက်ဝန်းတွေအပြင်
ရှည်လျားတဲ့ အရပ်အမောင်း ခပ်ပြုံးပြုံး နဲ့ နူတ်ခမ်းသားတွေက စာမသင်ချင်ဘဲ တစိမ့်စိမ့်ထိုင်ကြည့်နေသင့်တဲ့ ရုပ်ရည်မျိုးနဲ့ ။ခဏအကြာ တိတ်ဆိတ်နေပြီးတဲ့နောက်မှာ
ကျောင်းသူတွေဘက်က ဟေးခနဲ အသံထွက်လာလို့ မင်္ဂလာပါ ဆရာဆိုတဲ့ နူတ်ဆက်သံတွေ ဆူညံသွားတော့တယ် ။ရိပေါ်ကတော့ မိန်းကလေးတွေဘက်ကို ခပ်ကျိတ်ကျိတ် မျက်စောင်းခဲရင်း နှမြောလို့ နေပါတယ် ၊ သူရဲ့အဖိုးတန် ဒီလူသားကို ဒီကြောက်စရာကောင်းတဲ့ မိန်းကလေးတွေကြားမှာ မရှိစေချင်ဘဲ တစ်နေရာမှာသာ ဝှက်ထားလို့ နေချင်တယ် ။