<Unicode>
(Past)အသက်ငယ်ငယ်နဲ့ professor ဖြစ်လာတဲ့
ဆရာရှောင်းက စာသင်တဲ့နေရာမှာလဲ တကယ်တော်တာ ၊ စာသင်နေရင်း ညှပ်ပြောလာတဲ့
သူရဲ့ ခွဲစိတ်ခန်းထဲက အတွေ့အကြုံတွေကလဲ
ဘွဲ့ကြို သူနာပြုကျောင်းသားတွေအတွက်
အံဩ မင်သက်စရာ ။စာအုပ်ကြီးအတိုင်း တသမတ်ထဲ
သွားလေ့ရှိတဲ့ စည်းကမ်းတွေကလဲ ကြောက်စရာပဲ ၊
အနည်းငယ်မှ လျှော့ပေးလေ့မရှိ ။ကျောင်းကိုရောက်တာ မကြာသေးပေမဲ့
ခပ်ချောချော နဲ့ စာသင်ကောင်းပြီး
စည်းကမ်းကြီးတဲ့ ဆရာရှောင်းရဲ့ သတင်းဟာ
ကျောင်းသားတွေကြားမှာ ရေပန်းစားလှပါတယ် ။ရှောင်းကျန့်ညွှတ်ရင် ဆွတ်မဲ့ ဆရာမအငယ်တွေဆိုတာလဲ တစ်ပုံကြီး ၊
စကားပြောတာ ပြတ်ပေမဲ့ ခပ်ချိုချို အပြုံးတွေအောက်မှာ သူ့ရဲ့ ပစ်ချက်တွေအကုန်ဟာ
သေးငယ်သွားတယ် ထင်ပါရဲ့ ။ရိပေါ်ကတော့ဖြင့် အဲ့လိုတွေ မြင်ရတိုင်း
သွေးတွေ တက်ရပါတယ် ၊ အစပိုင်းကတော့
ငါ့လူက ဒီလိုမျိုးဆိုပြီး ဂုဏ်တွေ ဆာမိပေမဲ့
နောက်ပိုင်းရောက်လေ မလုံမခြုံ ခံစားရေလပါပဲ ။ဒီလူ မျက်နှာဖုံးတပ်ပြီး
စာလာသင်ရင် ကောင်းမယ် ။🍓🍓🍓🍓
" ကျောင်းသား ရိပေါ် "
"ခမျာ "
ယောင်ယမ်းလို့ ချက်ချင်း ထူးမိပြီးမှ
အသံလာရာဟာ သူ့အိပ်မက်သခင်ဖြစ်ကြောင်း သိရတယ် ၊ ပင့်တင်ထားတဲ့ ဆံနွယ်တွေနဲ့
အချိုးအစားကျနလွန်းတဲ့ မေးရိုးတွေက
အရမ်းကြီး လိုက်ဖက်နေလွန်းပါတယ် ။ဖြေးဖြေးချောပါ ဆရာရှောင်းရယ်....
အဲ့ဒီလူဟာ သူ့ကို ပြုံးပြရင်း
အနားကို တဖြေးဖြေး လျှောက်လာတယ် ၊
ခပ်တည်တည် မျက်နှာပေးနဲ့တောင်
ဝမ်ရိပေါ်တို့ ကြည့်လို့မဝတာ ၊
ပြုံးနေတဲ့အခါမျိုးဆိုရင်တော့ သူ့မျက်လုံးက
ဆရာရှောင်းမျက်နှာကို ပြေးကပ်တော့မလိုပဲ ။" စာသင်ချိန်တွေက ပြီးသွားပြီလား "
"...."
အဲ့ဒီမှာ ကွိုင်တက်တာပဲ ၊
ရိပေါ်က အတန်းမတက်ချင်လို့
လစ်လာတာကြီးလေ ၊ စာတွေကို တရစပ်သင်ပြီး ပြီးတာနဲ့ စာကောက်မေးတတ်တဲ့ ဆရာမမို့
ဘယ်လိုမှကို စိတ်မပါတာ... နှလုံးရောဂါ အစပျိုးအောင် ကျောင်းက ဆရာမတွေက သိပ်လုပ်တတ်ပါတယ် ။