🍀11

794 79 19
                                    

<Unicode>
မင့်ရဲ့နှလုံးသားက
ဘယ်အရာကို အကြောက်ဆုံးပါလဲ လို့မေးလာခဲ့ရင်.....
ထင်ယောင်ထင်မှား ဖြစ်စေတတ်တဲ့ အပြုံးတွေလို့ ရိပေါ်က ဖြေဆိုချင်ပါတယ်။

🍓

"မောနင်း..... ရိပေါ်!"

နှုတ်ခမ်းပါးတွေက အနီရောင်မာဖလာလေးအောက်မြှုပ်နေပေမဲ့ မျက်ဝန်းညိုတွေက လခြမ်းလေးလို ကွေးညွှတ်နေကြတယ်။ စက်ဘီးညိုလေးကို လက်တစ်ဖက်ကကိုင်လို့ ရှောင်းကျန့်ကသူ့ကို ပြုံးပြလို့နေတယ်။

"မောနင်း.... ဆရာရှောင်း!"

ခပ်ပါးပါးပြုံးပြလို့ ပြန်နှုတ်ဆက်ရင်း လည်ပင်းကအစိမ်းရောင်မာဖလာလေးကို ဆွဲတင်လိုက်တယ်။ စိမ်းပုတ်ပုတ်ဦးထုပ်လေးနဲ့ အစိမ်းရောင် မာဖလာလေးကြားက လစ်လပ်နေတဲ့ နှာခေါင်းလုံးလေးက အေးစက်စက်အထိအတွေ့ကိုခံစားနေရတယ်။ ဆောင်းဝင်စပြုလာခဲ့ပြီမို့ ရာသီဥတုကလည်း ပိုအေးစက်စပြုလာပြီဖြစ်တယ်။ သူနဲ့ဆရာရှောင်းရဲ့ ဆက်ဆံရေးကတော့ အေးစက်လာတဲ့ရာသီဥတုနဲ့ဆန့်ကျင်ဘက်ပေါ့။

စက်ဘီးကိုထုတ်လို့ ခြံဝမှာ ရပ်စောင့်နေတဲ့လူဆီ အပြေးလေးသွားလိုက်တယ်။ ဘေးနားရောက်သွားတာနဲ့ ဆရာရှောင်းက သူ့ခေါင်းကို ခေါင်းကိုဖွဖွပုတ်ရင်း.......

"Wavy ​လေး~အေးလာပြီနော် နွေးနွေးထွေးထွေးလေးနေ..... "

ကလေးလေးလို ဆက်ဆံခံရတာကို ရိပေါ်က သဘောမကျပါဘူး။ ဒါပေမဲ့ ဆရာရှောင်းက ခြွင်းချက်။

"ဟုတ်ပါပြီ.... အေးလာတာ ကျွန်တော်ပဲမဟုတ်ဘူး ခင်များလည်း ဂရုစိုက်"

နှုတ်ဖျားကနေ ပေါ့ပေါ့ပါးပါးလေး ထွက်သွားတဲ့ စကားလုံးလေးတွေဆိုပေမဲ့ သူနွေးစေဖို့တော့ အမှန်တကယ် ရည်ရွယ်တာဖြစ်တယ်။

ဆောင်းကအေးပေမဲ့ ရင်ကနွေးနေပါတယ်။ သူ့အပြုံးလှလှတွေ ဝေဆာနေတဲ့ ဆောင်းမို့ထင်ပါရဲ့။

ဝေးဝေးနေဖို့ကြိုးစားလိုက် အနီးနားကိုပြေးမိလိုက်နဲ့ ဒွိဟတွေရဲ့နောက်မှာတော့ ရှောင်းကျန့်နဲ့ သူရဲ့ ဆက်ဆံရေးက အရင်လို ပြန်ဖြစ်သွားခဲ့ပြီဖြစ်တယ်။ ပေါ့ပါးစွာ ပြုံးရယ်ရင်း အချိန်တစ်ချို့ကို အတူကုန်ဆုံးတယ်။ အရင်လိုပဲ ရှောင်းကျန့်က သူ့ကို ဂရုစိုက်တယ်။ သူက ပျော်ရွှင်ရတယ်။ တစ်ခုပဲ။ သူက ရှောင်းကျန့်ရဲ့ အပြုံးတွေ၊ မျက်ဝန်း​တွေကို တစ်ခုတ်တစ်ရ လိုက်ဖတ်ဖို့ မကြိုးစားမိတော့ဘူး။ အထင်မှားမှုတွေနဲ့ မှားယွင်းစွာ မျှော်လင့်မိတဲ့အခါ နာကျင်ရသူက သူသာဖြစ်တယ်။ ဒီဆိုးဝါးတဲ့ခံစားချက်ကြီးက တစ်ကြိမ်တစ်ခါဆို လုံလောက်ပါပြီ။ ဒါကြောင့် သူက ရှောင်းကျန့်နဲ့ပတ်သက်လာရင် အတွေးမများစေဖို့ ကြိုးစားတယ်။

Write  poem for you Where stories live. Discover now