°< 1 >°

3.6K 142 3
                                    

☆ Unicode version ☆

   
   

အင်တာနက်မရခင်တုန်းက ရေးထားတဲ့ FIC မလို့ ဇာတ်သိမ်းထိ စာစစ်ပြီးတိုင်း တင်ပေးပါတယ်။ ဆက်တိုက် run မှာမို့လို့ Update စောင့်စရာမလိုပါဘူး။ တစ်နေ့ သုံးပိုင်းကနေ ခုနှစ်ပိုင်းအထိ တင်ပေးမှာဖြစ်လို့ အေးဆေးနေမှ ဖတ်လည်းရပါတယ်။

........No funny, No Love........

မည်သူမျှ ရှိမနေတဲ့ နေရာတစ်ခုမှာ သီချင်းသံသာဆိုလို့ ကျေးငှက်တွေရဲ့ အသံလေးတွေဘဲ ရှိနေတယ်။

တစ်ဝုန်းဝုန်းနှင့် သည်းထန်စွာ ရွာနေတဲ့ မိုးကောင်ကင်ကြီးနဲ့ လိုက်လျောညီထွေစွာ ကော်ဖီပူလေးတစ်ခွက်ကို လက်မှာ ကိုင်လိုက်ပြီး ဖတ်နေတဲ့စာအုပ်လေးကို စာမျက်နှာခေါက်လိုက်တယ်....

တောင်ကုန်းကနေ မြင်နေရတဲ့ ညဘက်က ပေကျင်းမြို့အလှကြီးကို တငေးတမောကြည့်နေရင်း ကိုင်ထားတဲ့ ကော်ဖီခွက်ထိပ်ဗျားလေးကို နှုတ်ခမ်းဝနားကို ထိကပ်စေခဲ့တယ်...

နို့ဆီအနည်းငယ်ပါဝင်တဲ့ လက်လုပ်ကော်ဖီအရသာလေးက အရသာခံသူကောင်လေးရဲ့ နှုတ်ခမ်းလေးနှစ်ဖက်ကို ကော့တတ်သွားသည်အထိ ပြုံးစေနိုင်သည်။

ပိတ်လိုက်တဲ့ စာအုပ်လေးကို စာအုပ်စင်နားလာရင်း ထည့်လိုက်ပြီး အိပ်ယာပေါ်က ဆင်းကာ အိမ်အောက်ထပ်ကို တဖြည်းဖြည်းဆင်းလာခဲ့တယ်။

မှောင်နေတဲ့ မီးဖိုချောင်မီးကို ဖွင့်လိုက်ပြီး အဝါရောင်မီးလေးလင်းနေတဲ့ ရေခဲသေတ္တာနားကို လာလိုက်တယ်...

ရေခဲသေတ္တာထဲက တလီတာလောက်ရှိတယ့် နွားနို့အစိမ်းဘူးလေးကို ထုတ်လိုက်ပြီး ဒယ်အိုးထဲကို လောင်းထည့်လိုက်ကာ အဖုံးပြန်ဖုံးထားလိုက်တယ်...

အမြဲတမ်း မနက်ခင်းအိပ်ယာနိုးရင် နွားနို့ဘဲ သောက်အိပ်တတ်တဲ့ သူ့အတွက် ဒီနွားနို့လေးက မရှိမဖြစ်ပေါ့။

အဆာပြေပြီး သန်မာစေလိုငြား နွားနို့သောက်ပေမယ့် ဘေးထွက်ဆိုးကျိုးကတော့ သန်မာလာတာထက် သူ့ရဲ့ အသားအရည်က ဖွေးဖြူပြီး နုဖက်နေတာကိုပါဘဲ...

ဒီလိုနဲ့ဘဲ သူ့ရဲ့ တစ်နေ့တာ ကုန်ဆုံးတော့မည်။ နွားနို့ဘူးလေးကို ဘေစင်မှာဆေးလိုက်ပြီး ရေခဲသေတ္တာထဲပြန်ထည့်ရင်း အိပ်စက်ဖို့ရာ အိမ်အပေါ်ထပ်ကို ပြန်တတ်ဖို့ ပြင်လိုက်တယ်...

No funny, no loveWhere stories live. Discover now