°< 9 >°

387 45 0
                                    

☆ Unicode version ☆

   
   
ဒေါင်ခနဲ မြည်လာတဲ့ ရှေ့ဟောင်းနာရီလေးကို ခေါင်းလေးစောင်းပြီး ကြည့်နေတဲ့ ရှောင်ကျန့်က ည၁၂နာရီတိတိမှာတင် မအိပ်သေးပါလား....

မြင်းကုလားထိုင်လေးမှာ ထိုင်ပြီး ကျောလေးကို မှီထားတဲ့ ရှောင်ကျန့်က လက်ညိုးနဲ့ လက်ခလယ်လေးမှာ ညှပ်ထားတဲ့ အဖြူရောင် ဆေးလိပ်တိုလေးကို နှုတ်ခမ်းပါးက တင်ပြီး ဆေးလိပ်ငွေ့တွေကို ရှုလိုက်တယ်...

ထို့နောက် ဆေးလိပ်လေးကို မီးသတ်ခွက်ထဲ မှာ မီးသတ်လိုက်ပြီး လက်နှစ်ဖက်ကို ခေါင်းနောက်စိနားမှာ ထိကပ်စေရင်း လက်ကို ခေါင်းအုံးလုပ်လိုက်တယ်...

တစ်၊ ဒေါ့၊ တစ်၊ ဒေါ့...စသဖြင့် မြည်နေသည့် ရှေ့ဟောင်းတိုင်ကပ်နာရီလေးဟာဖြင့် လက်တံရှည်လေးက ၁ဆိုတဲ့ နေရာဘက်ကို ကျော်သွားလေပြီ။ အချိန်အားဖြင့် 12နာရီ5မိနစ်...

အခုထိမအိပ်သေးတဲ့ ရှောင်ကျန့်က တစ်ခုခုကို တွေးတောနေတဲ့ပုံစံလေးနဲ့ နှာခေါင်းပေါက်ကနေ တစ်ဆင့်၊ နှုတ်ခမ်းပါးကနေ တစ်ဆင့် ယခုနက ရှုသွင်းထားတဲ့ ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်လိုက်တယ်...

အခန်းမီးပိတ်ရတာကို ကြိုက်တယ် ဆိုတာထက် လရောင်ကိုဘဲ နှစ်သက်တယ့်ရှောင်ကျန့်က အခန်းမီးကို ပိတ်ပြီး လရောင်ရေးရေးလေးရတဲ့ နေရာလေးမှာ အရှေ့အနောက်ရွေ့တဲ့ ကုလားထိုင်ပေါ် ထိုင်နေတယ်...

ဘယ်ယိမ်း ညာယိမ်းနေတဲ့ စက္ကန့်အပိုင်းအခြားပြ သစ်သားတံလေးကိုမှ အဆုံးမှာ ပြားပြားဝိုင်းဝိုင်းလေး ဖြစ်နေပြီး တစ်ချက်သွားတိုင်း တစ်ခ်၊ ဒေါ့...ဆိုတဲ့ အသံလေးက ထွက်နေတယ်...

သီချင်းအေးအေးလေးတွေကိုဘဲ သဘောကျတယ့်ရှောင်ကျန့်က ညအခါမှာ ထိုနာရီသံလေးကို နားထောင်ရမှာလည်း ကြိုက်နှစ်သက်လာတယ်။

သုံးစွဲလက်ကိုင်သူမဲ့နေတဲ့ စားပွဲပေါ်က ဖုန်းလေးကို ကြည့်ပြီး ရင်ထဲမှာ ဒေါသတွေ အလိုလိုထွက်လာတယ်။ မဟုတ်ဘူး။ ဒေါသ မဟုတ်ဘူး။ လုံးဝမဟုတ်ဘူး။ ဝမ်းနည်းမှု။ အင်း ဝမ်နည်းမှုဘဲ...

ရိပေါ်က ရှောင်ကျန့်ကို ဖုန်မဆက်တာ ၂ရက်ရှိပြီဖြစ်လို့ ရှောင်ကျန့်က အလိုလို ဝမ်းနည်းလာမိတာ...

No funny, no loveWhere stories live. Discover now