°< 5 >°

668 64 3
                                    

☆ Unicode version ☆

   
   
ဝမ်ရိပေါ်..
အသက်၂၃နှစ်..
အလုပ်အကိုင် ပန်းထိုး ချည်ထိုး..

နောက်ကြောင်း မရှင်လင်း...

အင်း နောက်ကြောင်းမရှင်းလင်းဘဲ အပေါ်က နာမည်ရယ် အသက်ရယ် အလုပ်အကိုင်ရယ်နဲ့ အဲ့တာကို ငါက ဘာလုပ်ရမှာလဲ

"ခွေးကောင် ဒါလေးဘဲ ခိုင်းတာကို နည်းနည်းမှ သေသေချာချာမလုပ်ဘူး"

ကိုယ်ရေးအကျဉ်းဖိုင်လေးကို စားပွဲပေါ်ပစ်တင်ပြီး ဆူးငေါင့်ငေါင့်အသံကြီးနဲ့ ဆိုလာတဲ့ ရှောင်ကျန့်ကိုကြည့်ရင်း နောက်ပစ်ထားတဲ့ လက်လေးထဲက လယ်ခလယ်လေးကို အကွယ်ထောင်လိုက်တဲ့ ဟိုက်ခွမ်း...

အဲ့ဒီအကျင်းလေးရဖို့ ရှန်ဟိုင်းထိရောက်သွားခဲ့တာ အိမ်လုံးလေးရဲ့...

"သိချင်ရင် အဲ့ကောင်လေးကိုဘဲ သွားမေးလေ၊ သူက အဲ့လောက် အတိတ်ကို လျှို့ဝှက်ထားတာ"

"အော်...မင်းအဖေက.. အချေဆိုဒ်ကြီးနဲ့ မမြင်ဘူးလား"

ခါတိုင်း တည်တည်ငြိမ်ငြိမ်နဲ့အလုပ်သမားတွကို လေးလေးစားသားဆက်ဆံတဲ့ ရှောင်ကျန့်က အခုမှာတော့ မျက်နှာကြီးဆူပုတ်ပြီး ပြောနေတာမှ ကလေးလေးအတိုင်းဘဲ။ ကလေးဆိုပေမယ့် ချစ်ဖို့ကောင်းတဲ့ ကလေးမဟုတ်ဘူး...

မျောက်ရုပ်နဲ့ Ceo...

"ထားပါတော့။ မင်း ကောင်လေးအလုပ်လုပ်တဲ့နေရာသိလား"

"သိတယ်။ မြို့တွင်းက ပန်းဆိုင်မှာဘဲ။ မင်းက သွားတွေ့ချင်လို့လား"

တွေ့ချင်လို့လား လိုမေးတော့ အင် မဟုတ် အဲမဟုတ်။ သူ့ရုံးခန်းထဲက နံရံတွေ စားပွဲတွေ sofaတွေကို မမြင်ဖူးသလိုကြည့်နေကြတယ်။ အော်... ငါ့သူငယ်ချင်းမှာလည်း ရှက်တတ်တဲ့အကျင့်ရှိနေပါလားနော်...

"ငါကားပြင်ထားပေးမယ်။ တည်နေရာကို သိတာမို့လို့ ဘယ်အချိန်သွားမှာလဲပြော"

စိတ်ရှိတိုင်းဆို 'အခု' လို့ ပြောလိုက်ရင် ဟိုက်ခွမ်း 'မင်းသူ့ကို ကြိုက်နေတာလား' ဆိုတဲ့ မေးခွန်းကြီးကို အဖြေပြန်ပေးရအုံးမယ်။ ထို့ကြောင့် မပြောပြချင်။ သိတယ်မလား။ သူနဲ့ကိုယ်က သူငယ်ချင်းဆိုပေမယ့် ရုံးတွင်း အလုပ်ရှင်နဲ့ အလုပ်သမားအဆင့်လေ...

No funny, no loveWhere stories live. Discover now