☆ Unicode version ☆
"မငို...မငိုပါနဲ့ ရိပေါ် ကိုယ်ရှိတယ်လေ"
မမြင်မစမ်းနဲ့ ကောင်လေးရဲ့ ပါးပြင်ကို လှမ်းကိုင်ပြီး ကျဆင်းလာတဲ့ မျက်ရည်စတွေကို သုတ်ပေးကာ ဆိုလိုက်တဲ့ ရှောင်ကျန့်ကြောင့် ချော့လေ ငိုလေဆိုသည့်အတိုင်းပင် ပို၍ပိုလာမိတယ်...
မှောင်တဲ့ နေရာတွေကို ကျွန်တော်ကြောက်တယ်။
မှောင်တဲ့အခန်းထဲ ထည့်ပိတ်ထားတဲ့ ဖွားဖွားကိုလည်း သူကြောက်တယ်။ လွန်ခဲ့တဲ့ ၅နှစ်က အကြောင်းတွေကို ပြန်တွေးမိရင် ပိုပြီးကြောက်လာမိတယ်...
ညတိုင်း အိပ်မပျော်ဘူး။ အိပ်မက်ထဲမှာလည်း ဖွားဖွားက ပါလာတတ်တယ်။ မိုးရွာလို့ မီးပျက်တဲ့နေ့တွေဆို စောင်ကို ခေါင်းမြှီးခြုံရင်း တိတ်တိတ်လေး ငိုနေမိတယ်။
အကြောက်တရားတွေနဲ့ ရှင်သန်နေရတဲ့ ရိပေါ်ရဲ့ ဘဝကို စာနာသူဆိုလို့ ကိုကိုတစ်ယောက်တည်းဘဲ ရှိသည်။ ဒါပေမယ့် ကိုကိုက......
"ရှောင်...ရှောင်ကျန့်"
မီးစလေးက ထလင်းလာလို့ အမှတ်တမဲ့ မြင်လိုက်ရသည့် မျက်နှာလေးကို ကြည့်လိုက်ရင်း လက်နှစ်ဖက်ကပါ ပုခုံးထက်ကို ဝင်ရောက်ဖက်တွယ်လာလို့ မျက်လုံးကို စုံမှိတ်ထားမိသည်။
မီးပျက်နေသည်ဆိုလို့ သတိရမိသွားတာက မီးခြစ်ပင်ဖြစ်လို့ ဆေးလိပ်သောက်ရန်ဆိုပြီး အမြဲတန်းဆောင်ထားတတ်သည့် ဘောင်းဘီအိတ်ထဲက မီးခြစ်လေးကို ထုတ်ပြီး အဖုံးဖွင့်လိုက်တော့ ပတ်ဝန်းကျင်က အလင်းနည်းနည်းရလာသည်။
မီးရရခြင်း မြင်လိုက်ရသည်က မျက်ဝန်းအိမ်မှာ မျက်ရည်တွေ ပြည့်လျှံနေတဲ့ ကောင်လေးရဲ့ ပုံရိပ်။ ကိုယ်မသိတဲ့ အချိန်တစ်ခုအတွင်းမှာ ရုတ်တရက် လာဖက်တဲ့ ကောင်လေးက ကြောင်အမ်းမိနေပေမယ့်လည်း...
တစိမ့်စိမ့် တုန်ရီနေတဲ့ ကိုယ်ငယ်လေးက ကြောက်ရွံ့မှုကို ဖော်ပြနေသလို ငိုရှိုက်သံယဲ့ယဲ့လေးတို့ကလည်း ဝမ်းနည်းမှုကို သက်သေတည်နေခဲ့သည်။
ရိပေါ်ကို ချစ်ပါသည်ဆိုမှ သူငိုတာမြင်ရင် ကျွန်နော်လည်း ပျော်ပါ့မလား။ မပျော်ဘူး။ ရိပေါ်နာကျင်ရင် ကျွန်တော်လည်း နာကျင်မိတယ်။ တုန်ရီနေတဲ့ ကိုယ်လေးကို ဖက်တွယ်မိလိုက်တော့ တုန်တတ်သွားတဲ့ ကိုယ်လေးက ခဏတာပင်...
YOU ARE READING
No funny, no love
FanfictionZSWW [ ZHNAYI FAN FICTION ] Will a wounded heart and pure love push someone to the point of deep remorse? Start Date-14.9.2021 End Date-