°< 20 >°

353 30 0
                                    

< Unicode >

   

Laptop ပေါ်မှာ ပြေးလွှားနေတဲ့ လက်တစ်စုံက လျှာရိုးမရှိတာဘဲ ရေးနေတာသလိုလို....

လက်နှစ်ဖက်က laptopပေါ်မှာ ပြေးလွှားနေပေမယ့် မျက်ဝန်းလေးကတော့ တတောင်တောင်နဲ့ စာဝင်ရမည့်အချိန်မှာ ဘာမှ မဝင်လာခဲ့တဲ့ အဝါရောင် coverခံ Phoneလေးကို တစ်ချက်တစ်ချက် စောင်းငဲ့ကြည့်လို့

ကျန့်ကော..... ကျွန်နော့်ကို ပစ်ထားတယ်။

ညောင်းညာနေတဲ့ မျက်ဝန်တစ်စုံကြောင့် laptopကို ပိတ်ပြီး စားပွဲပေါ်ကို ခေါင်းလေးလဲရင်း မှောက်ချလိုက်တယ်။ မျက်ဝန်းအစုံကို မှိတ်လိုက်ပြီး ညာဘက်လက်ချောင်းလေးတွေက စာရေးစားပွဲပေါ်မှာ ပြေးလွှားဆော့ကစားနေလို့...

လူကသာ အိမ်လေးထဲမှာ စိတ်ကတော့ ခရီးသွားနေတဲ့ ရှောင်ကျန့်ဆိုတဲ့ လူကြီးဆီ ပါသွားတယ်။ ဖုန်းလည်း မဆက်ဘူး။ စာလည်း မပို့ဘူး။ သုံးရက်တောင်ရှိပြီမို့ ရင်ထဲမှာ တစ်ခုခုလစ်ဟာနေသလိုလို ခံစားချက်ကြီး။

ခင်မင်လာတဲ့ ၆လအတွင်း ကျန့်ကောကို လုံးဝအဖြေမပေးခဲ့ဘူး။ မှန်သည်။ ရိပေါ်မှ ရှောင်ကျန့်ကို သဘောမကျ ရင်မှမခုန်ဘဲ။ သူတွေးတာက အကိုတစ်ယောက်လိုသည်သာ...

ရှောင်ကျန့်ကသာ နေ့နေ့ညည ရိပေါ်မှ ရိပေါ်ဖြစ်နေတာ ရိပေါ်အတွက် ရှောင်ကျန့်ဆိုတာ အကိုတစ်ယောက်ထက် မပိုခဲ့ဘူး။ ဘာလို့လဲဆိုတော့....

သူပြောခဲ့ဖူးပြီပြီလေ။

ကျွန်တော် ချစ်ရမှာကို ကြောက်နေမိလို့...

ဒီတိုင်း ခင်ဗျားကို အားကိုးပြီ လက်မလွှတ်ချင်ရုံဘဲ။ အကျဉ်းချထားတဲ့ နှလုံးသားမှာ ကျန့်ကောအတွက် နေရာမရှိဘူး။

သို့ပေမယ့် အခုလိုလည်း အဆက်ဆံမခံချင်ဘူး။ ရိပေါ်မှာ တစ်စုံတစ်ယောက်ဆိုလို့ ကျန့်ကောဘဲ ရှိတယ်။ အဲ့တာကြောင့် သူ့ကို ပစ်ထားတဲ့အခါမျိုးတွေမှာ ဝမ်းနည်းတယ်။

တခြားတစ်ယောက်ကိုများ ပြောင်းကြိုက်သွားပြီလားလို့ တွေးမိရင်လည်း ခေါင်းမာတဲ့ ဦးနှောက်က ရှောင်ကျန့်ကို တစ်ပါးသူလက်ထဲ အပ်ဖို့ အဆင့်ဖြစ်မနေဘူး။ ဒါ....

No funny, no loveWhere stories live. Discover now