☆ Unicode version ☆
"ရိပေါ် ကိုယ့်Carနဲ့ အိမ်ကို ခဏလိုက်ခဲ့ပေးပါလား"
ရှောင်ကျန့်ရဲ့ စကားအဆုံး ကောင်လေးက အစားစားနေတုန်း ရီဝေဝေလေးလှမ်းကြည့်လာတယ်။ ဘာကြောက်စရာပါလို့လဲ ဆိုပြီး မမေးမိပါစေနဲ့ ရှောင်ကျန့်ကိုယ်တိုင်တောင် ကိုယ့်အိမ်ကိုကြောက်ရတယ်...
အမြဲတမ်း သတင်းထောက်တွေရောက်နေလို့လေ...
"ဒါပေမဲ့ ခဏလေးဘဲလေ။ ကိုယ်အကျီလဲပြီး ရိပေါ်ကို လိုက်ပို့စရာနေရာလေးတွေရှိလို့"
အရည်ရွမ်းတဲ့ မျက်ဝန်းပိုင်ရှင်လေးက ဒီတစ်ခါတော့ ရှောင်ကျန့်ကို အကြည့်မဆုံနိုင်တော့ဘူး။ မျက်လွှာလေးချပြီး စားပွဲပေါ်က ထမင်းပန်ကန်လေးကိုဘဲ ပြန်အာရုံရောက်နေခဲ့တယ်။
လက်မှာလည်း ကြက်ပေါင်သားလေးကို ကိုင်ထားပြီး ပန်းနုရောင်နှုတ်ခမ်းဖူလေးမှာလည်း ဆီတွေပေတာတောင် ပါးလေးတွေ ဖောင်းတတ်လာတဲ့အထိ ဝါးနေတုန်းဘဲ။ ချစ်စရာလေးကွာ...
တစ်ရှူးဘူးထဲက တစ်ရှူးကို ထုတ်ပြီးပေးလိုက်တော့ ရိပေါ်ကလှမ်းယူပြီး နှုတ်ခမ်းတဝိုက်ကို သုတ်လိုက်တယ်။ တစ်ဆက်တည်း ချောင်းပါဆိုးလာတော့ အပြာတလဲလဲရေထည့်ပြီး သောက်ခိုင်းရသေးတယ်....
ရှောင်အိမ်တော်ကို ခဏလေးလိုက်ခိုင်းတာ ဘာလို့ ဒီလောက်ကြောက်နေတာလဲကွာ...
"ကားထဲမှာဘဲ နေလေရိပေါ်၊ ကိုယ်က အကျီလဲရုံဘဲ လဲမှာ"
အိမ်ထဲကို မဝင်စေဖို့ ပြောကာမှ ခေါင်းလေးမော့လာတယ်။ အမြဲတမ်း အရယ်အပြုံးမရှိတဲ့ ကောင်လေးက အခုလည်း အဲ့လိုလေးဘဲ။ ကြက်သားကို ဝါးနေတုန်းလေး ခေါင်းငြိမ့်ပြတယ်...
အသဲယားလိုက်တာကွာ။ အစာစားနေတာတောင် ကလေးလေးတစ်ယောက်လိုဘဲ။ ပုံမှန်မျက်နှာထားလေးက မပြုံးမရယ်တာတောင် ကလေးရုပ်ထွက်နေတုန်းဘဲ။ ရှောင်ကျန့်နဲ့များ တခြားစီ...
အခုလည်း ရိပေါ်ကို အူယားနေတာလား။ သူ့ကိုသူ မကျေမနပ်နေရင်း ရှူးရှူးရှဲရှဲတွေ ဖြစ်နေတာလားမသိဘူး...
YOU ARE READING
No funny, no love
FanficZSWW [ ZHNAYI FAN FICTION ] Will a wounded heart and pure love push someone to the point of deep remorse? Start Date-14.9.2021 End Date-