°< 23 >°

1.3K 50 8
                                    

< Unicode >

   

"ရှောင်ကျန့်...တော်တော့လေကွာ"

အရက်တွေ တစ်ခွက်ပြီး တစ်ခွက်မော့ချနေတဲ့ ရှောင်ကျန့်ကို ကြည့်ရင်း မနေနိုင် မထိုင်နိုင် ပြောမိတာက ဟိုက်ခွမ်းဘဲ။

၁၀ရက်ကျော်လောက် ရှိပြီ။ ရှောင်ကျန့်လုံးဝ မူမမှန်ဘူး။ အလုပ်လည်း သွားချင်မှ သွားတယ်။ စကားလည်း ပုံမှန်မပြောဘူး။ ညတိုင်း Barကို လာတယ်။ အစက မသိပေမယ့် ဟိုနေ့က ရန်ဖြစ်တယ် ဆိုတဲ့သတင်းကြားမှ ရှောင်ကျန့် barလာမှန်းသိရတာ...

ဘာလို့လည်း မေးလိုက်တော့ 'အသဲကွဲနေတာ' တဲ့။ အသဲကွဲရအောင် ရိပေါ်က ငြင်းလိုက်လို့လားလို့ ပြောလိုက်တော့ မဟုတ်ဘူးတဲ့။

သူက စိတ်ရှည်တဲ့ လူစားထဲမပါဘူး။ အခု ရိပေါ်အဖြေကို စောင့်တာက ၇လထဲ ဝင်တော့မယ်။ အစစအရာရာ ဂရုစိုက်ပေးတဲ့ သူ့ကို အကိုတစ်ယောက်ထက်မပိုခဲ့ဘူးလား။ နာကျင်တယ်...

အဲ့တာကြောင့် အရက်လာသောက်တယ်။ မူးရူးတယ်။ Companyအလုပ်မသွားဘူး။ ဒါပေမဲ့ ဒါတွေ အားလုံးက ကောင်လေးသူကိုများ ဆုံးမ,မလား ဆိုတဲ့ စိတ်နဲ့ပါ။ ဒါပေမဲ့ မျှော်လင့်ချက်တွေက ရိုက်ချိုးခံရတယ်...

တစ်ခါတစ်လေ တွေးမိတယ်။ ကိုယ်ကသာ အဆက်အသွယ်မလုပ်ဘဲ နေလိုက်မယ်ဆိုရင် အနေဝေးပြီး သွေးအေးကုန်မယ့် relationship တစ်ခုဖြစ်နေမှာဘဲ။ ရိပေါ်က နဂိုကတည်းက ကိုယ့်ဘာသာ နေနေသူလေ

ကျွန်တော်ကသာ အရှက်မရှိ လိုက်ကပ်နေခဲ့တာ။ အရူးကြီးတစ်ယောက်လိုဘဲ။ သူ့နဲ့ စကားပြောတိုင်း သေမတတ်ခုန်နေတဲ့ရင်ဘတ်။ ဖြူဖြူစင်စင်မျက်နှာကိုမြင်လိုက်တိုင်း မပြုံးရ မနေနိုင်တဲ့ နှုတ်ခမ်းပါးတွေ...

နို့နစ်ရောင်အသားအရည်ကိုမြင်တိုင်း ထိတွေ့ချင်နေတဲ့ သူ့ရဲ့လက်တွေ။ ငိုနေတဲ့ သူ့ကို မြင်တိုင်း ရင်ခွင်ထဲ ထည့်ပြီး ထွေးပွေ့ပေးချင်စိတ်တွေ။ ပန်းနုရောင် နှုတ်ခမ်းဖူလေးကို နမ်းရှိုက်ချင်စိတ်တွေ...

သူ့ဘက်က ဝတ်ကျေတန်ကျေပို့တဲ့ မက်ဆေ့လေးတစ်စောင်ကို မြင်ပြီး ကမ္ဘာပျက်မတတ် ပျော်နေတာမျိုး။ သူ့ချက်နဲ့ဟင်းလေးကိုစားရတာ အရမ်းကို စိတ်လှုပ်ရှားတာမျိုး။ သူ့ရဲ့အပြုံးကို မြင်လိုက်ရင် ပီတိဖြစ်လာတာမျိုး..

You've reached the end of published parts.

⏰ Last updated: Sep 24, 2021 ⏰

Add this story to your Library to get notified about new parts!

No funny, no loveWhere stories live. Discover now