☆ Unicode version ☆
"ရိပေါ်က နွားနို့ကြိုက်တာလား"
ထမင်းမစားဘဲ နွားနို့ခွက်ကြည်း မော့နေတဲ့ ကောင်လေးကို ကြည့်ပြီး သိချင်လိုစိတ်ပြင်းပြလာတဲ့ ရှောင်ကျန့်ကဘဲ မေးလိုက်တယ်။ 'အင်း' တဲ့။
အပြုံးအရယ်မရှိဘဲ ဖြေလိုက်တာဆိုပေမယ့် ရှောင်ကျန့်ဆိုတဲ့သူရဲ့ အမြင်မှာ ချစ်ဖို့ကောင်းတယ်လို့ဘဲ မြင်နေတယ်။ စကားပြောလိုက်တိုင်း အရှေ့ကို တိုးတိုးလာတဲ့ ပန်းနုဆီရောင်နှုတ်ခမ်းလေးက အသဲယားဖွယ်အတိပင်
မျက်လွှာကိုချထားတာကြောင့် ဖြူဥလှတဲ့မျက်ခုံပေါ်မှာ အနက်ရောင်မျက်တောင်လေးက ပိုပြီးပေါ်လွှင်နေလို့ လှပပါပေတယ်။
ဆံပင်အုပ်အုပ်လေးက မျက်ခုံးလေးရဲ့ အောက်ကို စိုက်ကျနေလို့ ပန်းချီကားတစ်ချပ်လေးကို ကြည့်နေရတဲ့အတိုင်းဘဲ...
သဘောကျတယ်၊ ကြိုက်တယ်၊ ချစ်တယ်...လို့တောင် ခေါင်းစဉ်မတပ်နိုင်သေးပေမယ့် 'မြတ်နိုးမိတယ်' ဆိုတာကိုတော့ ရဲရဲကြီးပြောနိုင်ပါတယ်....
ကိုယ်မင်းကို တကယ်မြတ်နိုးတယ်..
"အဟမ်း!!...boss"
ဟိုက်ခွမ်းရဲ့ အသိပေးအသံကိုကြားမှ အငေးရပ်သွားတဲ့ရှောင်ကျန့်။ ကောင်လေးကတော့ ဘာမှမဖြစ်တဲ့ပုံလေးပါ။ အရှင်းဆုံးပြောရရင် အိမ်ကို ဧည့်သည်ရောက်နေတယ်လို့တောင် တွေးနေမှာမဟုတ်ဘူး...
"ကျေးဇူးပါ ရိပေါ်၊ ကိုယ် နောက်ထပ်လာလည်လို့ ရသေးရဲ့လား"
စားသောက်ပြီးသွားတော့ မြို့ထဲကို ပြန်ဖို့ရာ ကားနားကို သွားလိုက်ရင်း မခွဲနိုင်မခွာနိုင်ဖြစ်နေတဲ့ရှောင်ကျန့်ကဘဲ တံခါးဝမှာရပ်ပြီးကြည့်နေတဲ့ ကောင်လေးကို လှမ်းပြောလိုက်တယ်...
"အကူအညီလိုရင် ထပ်လာခဲ့လို့ရပါတယ်"
အမှတ်ယူသွားပြန်ပြီ။
ကောင်လေးရဲ့ နှုတ်ချိုသာမှုကြောင့် လူပင်အရည်ပျော်လုနီးနီးဖြစ်နေပြီ။ အင်း အကူအညီကတော့ လိုတာပေါ့။ အရာရာပြီးပြည့်စုံနေတဲ့Ceoကြီးက မင်းရဲ့အကူအညီကိုသေချာပေါက်လိုအပ်တယ်..
YOU ARE READING
No funny, no love
FanfictionZSWW [ ZHNAYI FAN FICTION ] Will a wounded heart and pure love push someone to the point of deep remorse? Start Date-14.9.2021 End Date-