°< 16 >°

305 34 1
                                    

☆ Unicode version ☆

   
   

"ချစ်စရာလေး"

ဧည့်ခန်းက Sofaပေါ်မှာ ထိုင်ပြီး TV ကြည့်နေတဲ့ ရိပေါ်ကို မီးဖိုချောင်ဆက်တင်ကို ထောက်ရင်း ရှောင်ကျန့်က အမြတ်တနိုးလေးကြကြည့်နေတယ်...

ပါးလေးတောင် ဖောင်းတတ်လာတဲ့အထိ ခေါက်ဆွဲကို စားနေတာများ ကိုယ်ချက်ပေးတဲ့ ခေါက်ဆွဲကို အတော်ခံတွင်းတွေ့နေတယ်နဲ့တူတယ်။

အမြဲတမ်း မျက်နှာကြီး တည်ထားပြီး ဟာသကားကြည့်နေတဲ့ ကောင်လေးက နည်းနည်းလေးတောင် မပြုံးမိဘူးလား။

ကောင်လေးရဲ့အပြုံးက ရွံ့နွံထဲ နစ်ဝင်နေတဲ့ လူတစ်ယောက် ရုန်းကန်ရခက်ခဲသလိုမျိုး တစ်ခါတစ်ခါပြုံးမိဖို့ကို စိတ်ခံစားချက်များစွာ ရောထွေးခဲ့သည်ထင်။ တကယ် တစ်ချက်...

တစ်ချက်လေးတောင် မပြုံးပြနိုင်ဘူးလားအချစ်ရာ...

"ရှောင်ကျန့်. လာလေ"

မျက်နှာကြီးဆူပုတ်ပြီး  ကြည့်နေတဲ့ ရှောင်ကျန်ကို ရိပေါ်က မြင်လိုက်တော့ သူ့ရဲ့ ခေါင်းဆွဲဘူးလေးကို အကြည့်ရောက်နေတယ်ထင်ပြီး လှမ်းခေါ်လိုက်တယ်။ တကယ်ဘဲ နေရခက်လိုက်တာ...

လာ....ဆိုလို့ လာပါတယ်။ ရိပေါ်ရဲ့ ခပ်ခွာခွာမှာ နေနေတယ်။ ဘာလဲ ကိုဗစ်ကူးမှာ ကြောက်နေတာလား...

"ရှောင်ကျန့်...ခေါက်ဆွဲစားချင်လို့လား"

"ဟမ်...မစားချင်ပါဘူး။ ရိပေါ်ဘဲစားတော့လေ။ ကိုယ် TVဘဲ ကြည့်မယ်"

အဲ့တော့မှ ရှောင်ကျန့် ကျန်းမာပါစေဆိုပြီး လက်ထဲက ပန်းကန်ခွက်လေးကို ပြန်ယူလိုက်တယ်။ အမှန်တော့ သူလည်း မကျွေးချင်ပါဘူး။ ရှောင်ကျန့်ချက်ပေးတာ မှန်ပေမယ့် စားကောင်းသည်လေ...

အဲ့တာကြောင့်ဘဲ။

TV အစီအစဉ်ကြည့်နေရင်း ချန်နယ်တစ်ခုခုပြီးတစ်ခုပြောင်းနေတဲ့ ရှောင်ကျန့်က ဘာကို အလိုမကျဖြစ်နေတာလဲ။ သို့ပေမယ့်လည်း မသိသလိုသာနေပြီး TVကို ကြည့်နေမိသည်။

ရှောင်ကျန့် လိုင်းပြောင်းလိုက်တာ မှန်သွားသည်လို့ ပြောရမည်။ ရိပေါ်တို့ ပေကျင်းမြိုတောင်ဘက်ကို မုန်တိုင်းတစ်ခုလာမည်ပြောသည်။ ကောင်လေးကတော့ ထိုသတင်းမြင်ပြီးပြီးချင်း ဟင်းခနဲ သက်ပြင်းချပေမယ့်...

No funny, no loveWhere stories live. Discover now