°< 21 >°

321 33 1
                                    

< Unicode >

"နေ့လည်က အတွက်ကျေးဇူးပါရိပေါ်"

နားရွက်နားကို Phoneအား ကပ်လိုက်ပြီး တစ်ဖက်က ချစ်ရသူရဲ့ စကားကို ပြန်စာပေးလိုက်တယ်။ တီ~~ ဆိုတဲ့ အသံလေးနဲ့ အတူ phoneလေးကျ သွားမှာ သက်ပြင်းလေးချလိုက်နိုင်တယ်...

အိပ်ယာပေါ်က ခုန်ဆင်းပြီး ခရီးဆောင်အိတ်ထဲကို မွှေလိုက်ကာ အစိမ်းရောင်စာအုပ်လေးတစ်အုပ်ကို လှမ်းလိုက်တယ်။

ကျောင်းမှာ စာမတော်တဲ့အပြင် စာရေးရမှာ အရမ်းပျင်းတဲ့ ရှောင်ကျန့်က ဘာကိစ္စနဲ့များ အစိမ်းရောင် စာအုပ်လေးကို ထုတ်ထားတာပါလိမ့်။ စာအုပ်အဖုံးလေးမှာ ရေးထားတဲ့ ခေါင်းစီးလေးကို မြင်တော့ လခြမ်းလေးကွေးသလို ပြုံးသွားတဲ့ ရှောင်ကျန့်...

'ကိုယ့်ရဲ့ မြတ်နိုးရာလေး တဲ့...

ဒိုင်ယာရီလိုလို ဘာလိုလိုဘဲ။ ရှောင်ကျန့်မှာ ဒိုင်ယာရီစာအုပ် မထားဖူးဘူး။ စားရေးဖို့ ပျင်းလို့လေ...

ဒါကတော့ ရိပေါ်အတွက် သီးသန့်လုပ်ထားတဲ့ စာအုပ်လေး...

သော့နဲ့ပါခတ်ပြီး သိမ်းထားတာမလို့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ ဖက်လို့မရဘူး။ စာအုပ်မှာ နာမည်ရှိတယ်။ 'ကိုယ့်ရဲ့ မြတ်နိုးရာလေး' တဲ့။ အဲ့စာအုပ်ကို ခတ်တဲ့ သော့မှာလည်း နာမည်ရှိတယ်...

'ဝမ်ရိပေါ်' တဲ့။ အင်း ကျွန်နော့်နှလုံးသားကို သော့လေးနဲ့ ဖွင့်ပြီး အထဲဝင်သွားနိုင်တဲ့ နှလုံးသားသော့ချက်လေး...

' For You '

ပထမဆုံး စာရွက်လေးမှာ ရေးထားတဲ့ စာကြောင်းလေး။ ထပ်ပြီး စာရွက်လှန်လိုက်တော့ စုပ်ပဲ့ပဲ့လက်ရေးလေးက ပေါ်လာတယ်...

//အဲ့နေ့က...မိုးတွေအရမ်းသည်းနေခဲ့တယ်၊ နို့နစ်ရောင်အသားအရည်နဲ့ ကောင်လေးတစ်ယောက်က အေးမြတဲ့ လရောင်အောက်မှာ အလှပဆုံးရပ်တည်နေတယ်။ ပြီးတော့ အဲ့လူသားလေးက ညအိပ်ရာဝင်ခါနီးမှာလဲ အလှဆုံး ပြုံးပြသွားတယ်။ ဘယ်သူများလဲ//

စာလေးကို ဖတ်ပြီး ကြိတ်ရယ်နေတဲ့ ရှောင်ကျန့်က အသဲတယားယားဘဲ။ for you ဆိုပြီး ဟာသစာအုပ်ကြီး သွားပေးမလို့လား ငါရ။ ဟိုက စာရေးဆရာလေ...

No funny, no loveWhere stories live. Discover now