°< 11 >°

389 49 5
                                    

☆ Unicode version ☆

   
   

"ရှောင်ကျန့် ဆေးလိပ်အရမ်းမသောက်ပါနဲ့လားကွာ"

မှန်ဘောင်ကနေ မြို့ပြင်ရဲ့ အလှကို ငေးမောရင်း ဆေးလိပ်သောက်နေတဲ့ ရှောင်ကျန့်ကိုကြည့်ရင်း ဟိုက်ခွမ်းက စိတ်ပျက်စွာဆိုတယ်...

"Hk! ငါဘာတွေ ခံစားနေရလဲ မင်းမသိပါဘူး"

'ဝမ်ရိပေါ် ဆိုတဲ့ကောင်လေးအကြောင်းဘဲလား... လို့ မေးချင်ပေမယ့် မတတ်နိုင်ဘူးလေ။ ကိုယ့်သူငယ်ချင်း ဘယ်လောက် အစွဲလမ်းကြီးလဲ ဆိုတာ ကိုယ်သာအသိဆုံး...

အဲ့တာကြောင့်လည်း လွန်ခဲ့တဲ့အနှစ်၂၀က ကိစ္စကို ပြန်ဖုံးဖိပေးရတာ...

ပျောက်တာ ကြာလှပြီ ဖြစ်တဲ့ရောဂါက ရိပေါ်ဆိုတဲ့ ကောင်လေးကြောင့်နဲ့ ပြန်လည်ဖြစ်ပေါ်လာမည်ကို ကြောက်သည်။ သို့ပေမယ့် အချိန်အားဖြင့် တလ။ ရှောင်ကျန့်နဲ့ ရိပေါ် တွေ့ဖူးတာ နှစ်ခါတည်း ရှိသေးတယ်.

ရှောင်ကျန့်ကို တားလို့ရသေးမှာပါ...

"နောက်လ ၅ရက်နေ့ မင်းမွေးနေ့"

"အာ...ဟုတ်သား။ မေ့နေတာ"

ကိုယ့်မွေးနေ့တောင် ကိုမမှတ်ထားတဲ့အထိ ရှောင်ကျန့်ကအချိန်ပြည့် သူ့ခေါင်းထဲမှာ ဝမ်ရိပေါ်ဆိုတဲ့ ဗိုင်းရပ်စ်လေးဘဲ ရှိနေတာလား။

"ငါ...အကြံရပြီဟိုက်ခွမ်း"

ရုတ်တရက်ကြီး ထအော်တဲ့ ရှောင်ကျန့်ကြောင့် ဟိုက်ခွမ်းတစ်ယောက့ မလန့်ရုံတမယ်ဖြစ်ရတယ်။

"မွေးနေ့ပွဲကျင်းပမယ်"

"နောက်နေတာလားCEO"

ရှောင်သခင်မကြီးဆုံးပြီးကတည်းက မွေးနေ့ပွဲဆိုတာကို ဖင်ကြားတာင်မညှပ်ထားတော့တဲ့ Ceoကြီးက အခုကျမှ ဘာစိတ်ကူးပေါက်ပြီး မွေးနေ့ပွဲထပြီးကျင်းပရတာလဲ။ မဟုတ်မှလွဲရော ဟိုကောင်လေးကြောင့်ဘဲလား...

"ငါမနောက်ဘူး။ မွေးနေ့ပွဲကျင်းပမယ်လို့ ပြောလိုက် အပြင်အဆင်တွေကို ဟိုနေ့က ပန်းဆိုင်မှာဘဲ မှာမယ်"

ထင်ထားတဲ့အတိုင်း ပြောချလာတဲ့ ရှောင်ကျန့်က တကယ်ဘဲ အချစ်ကျွမ်းနေပြီဘဲ။ ဟိုကဖြင့် ရှောင်ကျန့်ကို ခေါင်းထဲတောင်ထည့်မှာမဟုတ်ဘူး...

No funny, no loveWhere stories live. Discover now