°< 18 >°

396 39 3
                                    

☆ Unicode version ☆

   
   
မိုးကျသံ တပေါက်ပေါက်လေးနဲ့အတူ ကျေးငှက်တို့က နှစ်ထပ်အိမ်လေးဆီမှာ တကျီကျီနဲ့ အော်မြည်နေလို့...

အင်းး... ဆိုတဲ့ သံရှည်ဆွဲလေးနဲ့ အတူ လေးလံနေတဲ့ မျက်ခွံလေးက တစ်ဖြည်းဖြည်းနဲ့ ပွင့်လာခဲ့တယ်။ အခု မြင်နေရတာက....

အညိုရောင်အသားအရည်ရှိတဲ့ ရင်အုံတစ်ခုနဲ့ အစွန်က ညိုပုပ်ရောင်ဖြစ်နေတဲ့ ချယ်ရီသီးလေးတစ်ခု။ အိပ်ယာနိုးနိုးခြင်းလည်း ပါးလေးရဲတတ်တာ လူတွေရဲ့ အကျင့်ဘဲလား...

ကိုယ့်ကိုကို ပြန်ကြည့်မိတော့ အပေါ်ပိုင်း အဝတ်လေးက ဗလာကျင်းလို့။  ဒါဖြင့် မနေ့ည ရှောင်ကျန့်ကို good nightလို့ ပြောကတည်းက သတိထားမိရမှာ...

အကျီမဝတ်ထားတာတောင် ဒီလောက်နွေးနေလို့ မနေ့ညက အကျီဝတ်ထားတယ်ထင်နေတာ။ ညဘက်ဆိုတော့ လရောင်နဲ့ ရှောင်ကျန့်ရဲ့ မျက်နှာကိုဘဲ မြင်နိုင်တယ်။ အင်း သူတော်တော်ကျယ်ကျယ်ပြန့်ပြန့် တွေးမိသွားတာဘဲ...

ရင်ခွင်ထဲက ထွက်ဖို့အလုပ် ကိုယ်လေးကို လွန့်လူပြီး အနောက်ကို ဆုတ်မိတော့ ဟင်းဆိုတဲ အသံလေးနဲ့အတူ ပြန်ဆွဲဖက်ခံလိုက်ရတဲ့ ရိပေါ်ရဲ့ ကိုယ်...

ရှောင်ကျန့်ဆိုတဲ့ လူကြီး...

အပေါ်ကို မော့ကြည့်မိတော့ မျက်လုံးမှိတ်ထားစဲ ရှောင်ကျန့်က အိပ်နေရင်း ယောင်တာလား...

ဘာလို့ အိပ်နေတာတောင် ဒီလောက်ခန့်နေရတာလဲ..

အတွေးနဲ့ ကိုယ် လက်နုနုတစ်ဖက်က ပါးဖောင်းဖောင်းမရှိတဲ့ ရှောင်ကျန့်ရဲ့ ပါးလေးကို သွားထိတွေ့မိတယ်။ သူ့လောက်အသားအရည် မနူးညံ့သလို အရမ်းလည်း မမာနေဘူး။

မျက်တောင်လည်း ရှည်တယ်။ နှုတ်ခမ်းအောက်မှာလည်း မှည့်လေးလည်းရှိတယ်။ နှုတ်ခမ်းကလည်း သူ့လို မဟုတ်ဘဲ ပါးပါးလေး။ မေးရိုးတွေကလည်း အမြောင်းလိုက်ထင်းနေတာဘဲ....

လည်ပင်းတစ်ဖက်မှာလည်း အစိမ်းရောင်အကြောကြီးတွေက ထင်းနေတယ်။ အိပ်နေရင်းတောင် ရှောင်ကျန့်မျက်နှာက ခပ်ပြုံးပြုံး။ ရိပေါ် ရှောင်ကျန့်ကို မသင်္ကာချင်တော့ဘူး...

No funny, no loveWhere stories live. Discover now