°< 15 >°

338 38 2
                                    

☆ Unicode version ☆

   
   
" Dinner ပွဲကို ငါမလာတော့ဘူးဟိုက်ခွမ်း မင်းဘဲကြည့်ကြပ်စီစဉ်လိုက်တော့ "

တစ်ဖက်က phone ဖြေသံကို မစောင့်ဘဲ တီခနဲဖုန်းချရင်း ဗီရိုနားလာပြီး ရှောင်ကျန့်က အဝတ်ရွေးနေတယ်။ ထို့နောက် ဗီရိုထဲကနေ ပေါ့ပေါ့ပါးပါးနဲ့ အနွေးဓာတ်ရမယ့် အဝတ်လေးကို ထုတ်ယူလိုက်တယ်

ဝတ်ဆင်ပြီးသွားတာတော့ ဆံပင်ကို သေချာဖီးရင်း အပေါ်ကို သပ်တပ်လိုက်ပြီး လေတချွန်ချွန်နဲ့ ကားသော့ယူကာ အိမ်အောက်ကို ဆင်းလာခဲ့တယ်...

အချိန်အားဖြင့် ည၆နာရီခွဲ...

နေ့လည်က ကောင်ဆိုးလေးပြောတဲ့အတိုင်း ပေကျင်းမြို့အစွန်းက တောင်ကုန်းနားလေးမှာ ရှိတဲ့ ရိပေါ်ရဲ့ အိမ်ကို သွားရမည်လေ။ နေ့လည်ခင်းက ကားနောက်ခုံမှာ ထည့်ထားတဲ့ စာအုပ်လေးက မလှုပ်မရပ်ရှိနေစဲ...

' စာအုပ်ပေးတာက ကျွန်တော် ခင်ဗျားပုံပြင်ပြောပြတဲ့အသံလေးကြာချင်လို့)

' ညဘက် အိမ်ခေါ်တယ်ဆိုတာကလည်း တောင်းကုန်းပေါ်ကနေ ခင်များနဲ့အတူ ပေကျင်းမြို့အလှကို ကြည့်ချင်လို့ '

နေ့လည်တုန်းက တစ်ယောက်သော လူသားလေးဆိုခဲ့တဲ့ အသံလေးကို ပြန်ကြားယောင်လာတော့ ရှောင်ကျန့်ရဲ့မျက်နှာက ပြုံးစိစိလေးနဲ့ဘဲ။ ရှောင်ကျန့်ကသာ မူမှန်နေတာ...

စိတ်ထဲရှိရာပြောပြီး ငြိမ်ကျသွားတဲ့ကောင်ကလေးက ရှက်သွားတာလာစ။

ဒီနေ့က ဒုတိယမြောက် အပျော်ဆုံးနေ့။ မနေ့က ကောင်ငယ်လေးရဲ့ accလည်း ရတယ်။ ရည်းစားစကားပြောတာကိုလည်း မငြင်းဘူး။ မငြင်းနဲ့အပြင် ဒီနေ့မှာ စဉ်းစားပေးမယ်ပြောတယ်...

ဂရုဏာသတ်တဲ့ စကားလေးတစ်ခွန်းကို ပါးဖောင်းဖောင်းလေးတွေ ရဲတတ်လာတဲ့အထိ အထစ်ထစ်နဲ့ဆိုတယ်။ အိမ်ပေါ်ကို မတတ်သွားတဲ့ အချိန်မှာလည်း 'ကျန့်...ကော' ဆိုပြီး လေးစားသမှုလေးနဲ့ ခေါ်သွားတယ်..

ချစ်လိုက်တာ ခွေးပေါက်လေးရာ။

ခင်သွားတော့လည်း မင်းက ပေါင်းသင်းလို့ကောင်းတဲ့ သူငယ်ချင်တစ်ယောက်ဖြစ်နေခဲ့ပြန်တယ်။ မြတ်နိုးလွန်းလို့ ငုံထားမိချင်ပါဘိ။

No funny, no loveWhere stories live. Discover now