°< 10 >°

448 43 3
                                    

☆ Unicode version ☆

   
   

အိပ်မက်လေးက လှပနေတယ်...

မင်းရယ် ကိုယ်ရယ်၊ ပြီးတော့ ကိုယ့်ရဲ့ အိမ်မွေးကြောင်ကလေးရယ်...

ဝမ်ရိပေါ်ဆိုတဲ့ လူသားလေးက ရှောင်ကျန့်အတွက် စားဖို့သောက်ဖို့ စားဖိုမှူးအရာလေးဝင်လို့ အေပရွန်လေးဝတ်ပြီး ဟင်းချက်ပေးနေခဲ့တယ်...

ခြံထဲမှာတော့ ရှောင်ကျန့်နဲ့ ပူစီလေးနဲ့ပေါ့...

ဘယ်လောက်လှလိုက်တဲ့ အိပ်မက်လေးလဲ။ အပြင်လောကမှာ အရယ်အပြုံးမရှိတဲ့ ရိပေါ်က အိပ်မက်ကမ္ဘာလေးထဲမှာတော့ အိပ်မက်သခင်...ရှောင်ကျန့် ဆိုတဲ့ လူကြီးရဲ့ ကြိုးဆွဲရာအတိုင်း...

အလှပဆုံးပြုံးနေခဲ့တယ့် ရုပ်သေးရုပ်လေးဖြစ်နေခဲ့တယ်...

"အကိုလေး ထရမယ့်အချိန်ရောက်ပါပြီ"

ရုတ်ချည်းခဏတာအတွင်း ကောင်လေးရဲ့ အသံဆာဆာတွေပျောက်ကွယ်သွားတဲ့ စူးလှတဲ့ အသံကြီးတစ်ခုက ရှောင်ကျန့်ရဲ့ နားထဲ ဖြတ်ပြေးသွားခဲ့တယ်...

"တောက်ခ်! အိပ်နေတာကို မင်းမမြင်ဘူးလား"

အိပ်ယာပေါ်က ထထိုင်လိုက်တဲ့ရှောင်ကျန့်က တောက်ခေါက်လိုက်တော့ အိမ်ဖော်မလေးရဲ့ကိုယ်က တုန်တတ်သွားခဲ့တယ်..

"တောင်းပန်ပါတယ်အကိုလေး။ ရုံးသွားရမယ့်အချိန်ရောက်လို့ လာနှိုးတာပါ"

'သခင်လေးက ကျွန်မကို မနက်တိုင်း လာနှိုးပါလို့ အမိန့်ပေးထားလို့... ဆိုတဲ့ စကားလေးကိုတော့ အိမ်ဖော်မလေးမပြောခဲ့ဘူး။ သူမ၏ သခင်ကိုကြောက်သည်လေ။ ခါတိုင်းသခင်က ခေါင်းငြိမ့်ပြပြီး ရေချိုးခန်းဝင်သွားတာကြည်း...

ဒီနေ့မှ ဘာလို့ အကြောင်းမရှိဘဲ ဆူငေါက်ရတာလဲ။

အင်း ဘာလို့လဲဆိုတော့ မင်းက ရှောင်ကျန့်ရဲ့ အိမ်မက်လှလှလေးကို ဖျက်ဆီးခဲ့လို့...

တစ်စုံတစ်ယောက်ရဲ့ တိတ်တဆိတ်ပြောသံတွေကို မကြားတဲ့သူမကတော့ ကြောက်စိတ်ကို တွန်းလှန်ပြီး အကိုလေးဝတ်ဖို့ suitကို ရွေးပေးလိုက်သည်။

No funny, no loveWhere stories live. Discover now