°< 7 >°

508 50 2
                                    

☆ Unicode version ☆

   
   
ဒေါက် ဒေါက်...

မိုးတွေ တဖွဲဖွဲရွာနေတဲ့ အခိုက်အတန့်လေးမှာ ချစ်ရတဲ့ကောင်လေးရဲ့ အလှတရားကို တငေးတမောကြီး ငေးမျှော်နေတဲ့ ရှောင်ကျန့်က သူ့တို့ကြား ကားဆီးထားတဲ့ မှန်လေးကို အသံမြည်အောင် ခေါက်လိုက်တယ်...

ရှောင်ကျန့်ဆိုတဲ့ သူကို မြင်သွားတဲ့ ရိပေါ်က ဟင်မလုပ် ဟဲမလုပ် အံ့သြခြင်း အလျင်းမရှိသလို ကြောက်ရွံ့ခြင်းလည်း တစ်စိုးတစ်စမှ မရှိနေဘူး။

လက်လေး ထောင်ပြီး ဝှေ့ယမ်းရင်း နှုတ်ဆက်ပြတဲ့ ရှောင်ကျန့်ကို မှန်ရဲ့ တစ်ဖက်ခြမ်း ဆိုင်တွင်းထဲမှာ ရှိနေတဲ့ရိပေါ်က ခေါင်းလေးဘဲ ငြိမ့်ပြတယ်...

ကျွန်တော်မပြောပါဘူးလား...ဒီကလေးက အခုထိ ကျွန်တော့်ကို မခင်မင်သေးဘူး။ သို့ပေမယ့် ထားပါလေ။ ကောင်လေးနဲ့ ရင်းနှီးအောင်လုပ်ပြီး အချိန်တစ်ခုကြာသွားတဲ့ အခါ ချစ်တယ်လို့ ဖွင့်ပြောမယ်...

အတ္တတွေ မပါဝင်တဲ့ ကျွန်တော့်ရဲ့ အချစ်က မေတ္တာစစ်မှန်ခဲ့ရင်တော့ ကောင်လေးရဲ့ အချစ်တို့က ကျွန်တော့်အတွက်သာ ဖြစ်နေမှာပါ.....

ဆိုင်တွင်းထဲကို ခြေလှမ်းကျယ်ကျယ်နဲ့ ဝင်လာတဲ့ ရှောင်ကျန့်ကို ၆စက္ကန့်မျှ ငေးကြည့်ပြီး အလုပ်သမားဝတ်စုံလေးကို ချွတ်ကာ နံရံက သံတိုင်လေးမှာ ချိတ်လိုက်လို့ တစ်ဖန်ရှောင်ကျန့်နား ပြန်လာခဲ့တယ်...

"တွေ့ကြပြန်ပြီနော်..ရိပေါ်"

အပြုံးတစ်ခုကို နှုတ်ခမ်းပါးမှာ တပ်ဆင်ပြီး ချိုသာစွာ ပြောလိုက်တဲ့ ရှောင်ကျန့်က အပြင်ပန်းမှာသာ တည်ငြိမ်ရင် တည်ငြိမ်ခဲ့မယ်၊ ရင်ဘတ်ထဲက အကောင်လေးကတော့ သံလိုက်ရှိရာ လိုက်ကပ်တတ်တဲ့ သံမူလီလေးတွေအတိုင်းဘဲ....

မသိစိတ်က ကောင်လေးကို တင်းတင်းကြပ်ကြပ်ဖက်တွယ်ပြီး လွမ်းကြောင်းတွေ တဝကြီးပြောပစ်ချင်ပေမယ့် သိစိတ်ကတော့ 'ခင်မင်မှု' ဆိုတဲ ခေါင်းစဉ်အောက်မှာ ရှောင်ကျန့်ရဲ့နာမည်မပါဝင်ခဲ့တော့ လက်မလွန်မိဖို့ဘဲ ကိုယ့်စိတ်ကို ပြန်တားမြစ်မိနေစဲ....

No funny, no loveWhere stories live. Discover now