°< 8 >°

435 47 0
                                    

☆ Unicode version ☆

   
   
"ကိုယ်...မင်းရဲ့ဖုန်းနံပါတ်ကို သိခွင့်ရှိမလား"

ဇောချွေးတွေပြန်နေတဲ့ ရှောင်ကျန့်က ရင်ခုန်လွန်ခြင်း အတောမသတ်နိုင်တဲ့ နှလုံးသားကြီးကို အမှိုက်ဘုံးထဲ ထည့်ပြီး မိမိအရှေ့က ကောင်လေးကို အရဲစွန့်မေးလိုက်တယ်...

တစ်သက်လုံး လူကဲခတ်တော်လာတဲ့ ရှောင်ကျန့်က ဒီတစ်ခါမှာတော့ ကောင်လေးရဲ့ အကြည့်တစ်မျိုးကို အဓိပ္ပါယ်မဖော်တတ်ဘူး။ လှတာတော့ မှန်တယ်။ ဘယ်လို အဓိပ္ပါယ်လဲဆိုတာ ဖုန်းလေးကို ထုတ်ပေးလာမှ သိသွားတယ်...

'ခင်များရဲ့ ဖုန်းနံပါတ်ရိုက်ထည့်လိုက် တဲ့...

အချိန်အခါ မသတ်မှတ်ထားတဲ့ ဗုံးကို ထည့်ထားတဲ့ အမှိုက်ဘုံးထဲကိုမှ နှလုံးသားကို ထည့်မိသွားတော့ တစ်စစ်စစ်နာကျင်ရပြီး ဗုံးရဲ့ ပေါက်ကွဲမှု အပိုင်းအစမှိုင်းတို့က နှလုံးသားထဲကို စိုက်ဝင်သွားတယ်...

သိစိတ်နဲ့ မသိစိတ်က ထပ်ပြီးတော့ အမည်းရောင်သမ်းချင်နေတဲ့ နှလုံးသားကို လက်ညိုးထိုးပြီး ပြောခဲ့ပြန်တယ်..

'မင်း..နာကျင်တတ်ပြီ'တဲ့...

ဘာလို့လဲ။ ဘာလို့ ကိုယ့်ဖုန်းနံပါတ်မှလဲ။ မင်းရဲ့ phone numberလေးကို မသိရတဲ့ ကိုယ်ကလေ စောင့်ဆိုင်းရတာကို မကြိုက်တဲ့ လူဆိုတာ သိရဲ့လားကလေးရဲ့။

မင်းဘက်က စပြီးဖုန်းမဆက်ရင် အဆက်အသွယ်မရှိတဲ့ ကိုယ်က ပထမဆုံးမင်းဖုန်းဆက်မယ့်အချိန်ကို ထပ်ပြီး မျှော်လင့်ရမှာလား...

"အင်း..ပေး"

အဝါနုရောင် coverခြမ်းလေး တပ်ထားတဲ့ Phoneလေးထက်က ကိုယ့်ရဲ့phone numberလေးကို ရိုက်ထည့်လိုက်ပြီး 'Xiao Zhan' လို့ပါ အမည်ပေးလိုက်တယ်။ 06နဲ့ ဆုံးတယ့် ဖုန်းနံပါတ်လေးကို ကောင်လေးက ကြည့်ရင်း ဖုန်းကို ပိတ်ချလိုက်တယ်။

အခုချိန် ကျွန်တော့်မှာ ကောင်လေးကို ပြောစရာ ဘာကိစ္စမှ မရှိနေဘူး။ phone numberတောင်းပြီးတဲ့ ကျွန်တော့်အတွက် accလေးကို သိခွင့်ပေးဖို့ အထွဋ့်မတတ်ရဲဘူး...

တကယ်ပါ။ ဖခင်တောင် ပြောရဲဆိုရဲတဲ့ ကျွန်တော်က ရိပေါ်ရဲ့နှာခေါင်းလေး ရှုံ့မဲ့သွားမှာကို သေမတတ်ကြောက်နေမိတယ်။

No funny, no loveWhere stories live. Discover now