Unicode
ရှောင်းကျန့်တို့နှစ်ယောက်နဲ့ အားဖေးတို့လေးယောက်ကို မြေပြင်ပေါ်မှာဒူးထောက်ခိုင်းထားကာ ရှန်းယွမ်မေမှာဒေါသထွက်လွန်းတာကြောင့် မျက်နှာတောင်ရဲနေသည်။ ခုနရေကန်လေးက ဝမ်ဧကရာဇ်အတွက်သူမက သီးသန့်ဆောင်လုပ်ပေးထားတာဖြစ်ပြီး ထိုရေကန်လေးကိုရိပေါ်က ဆောက်လုပ်ပြီးချိန်သာ လာကြည့်ပြီး နောက်မလာတော့ေပ။
သူမကလဲထိုရေကန်လေးကို တန်ဖိုးထားလွန်းလို့ အစောင့်တောင်မရှိစေဘူး။ သူတို့နန်းတွင်းကလူတိုင်း ဒီရေကန်ကိုမလာရကြောင်းသိပေမယ့် ရှောင်းရီတို့ကတော့မသိ။ ရှောင်းရီကိုလဲမည်သူမှ အထူးတလည်မပြောကြပေ။ ရှောင်းရီရဲ့အထိန်းတော်ချန်ပါရင်တော့ သူတို့ကိုထိုရေကန်ကိုမသွားရကြောင်း ပြောပြမှာဖြစ်ပေမယ့် အထိန်းတော်ကြီးပါရင် ရှောင်းရီကိုဟိုမလုပ်ရဒီမလုပ်ရပြောလွန်းလို့ ဒီနေ့မှထားခဲ့လိုက်သည်။
ရှန်းယွမ်မေက ရှောင်းကျန့်တို့ကိုကြည့်ကာ
"နင်တို့ကုိ ဒီနေရာကိုမလာရဘူးလို့ ဘယ်သူမှပြောမထားဘူးလား!"
ရှောင်းရီကမလာသင့်တဲ့နေရာမှန်းသိသွားတော့ တောင်းပန်လာသည်။ ရှောင်းကျန့်ကလဲ သူတို့အမှားမို့ တောင်းပန်ေပမယ့် လွယ်လွယ်ခွင့်မလွှတ်တတ်ေသာ ရှန်းယွမ်မေကတော့ စိတ်မပြေသွား။
"နင်တို့အစေခံတွေက ကိုယ့်သခင်ကိုတားရကောင်းမှန်းမသိကြတာလား!!"
"တောင်းပန်ပါတယ် မယ်မယ်။ ကျွန်တော်မျိုးမတို့အမှားပါ။
ကျွန်တော်မျိုးမတို့က သခင်လေးတို့ကိုမတားမိလို့ဖြစ်ရတာပါ။
ကျွန်တော်မျိုးမတို့ကိုပဲအပြစ်ပေးပြီး သခင်လေးတို့နှစ်ယောက်ကိုခွင့်လွှတ်ပေးပါ"အားစုရဲ့စကားကို လေးယောက်လုံးကထောက်ခံကြသည်။ ရှောင်းကျန့်လဲ အားစုရဲ့စကားကြောင့်မနေသာတော့။ သူတို့တားတာပဲ သူ(ရှောင်းကျန့်)တို့ကသာစွတ်လုပ်ခဲ့တာ။ ပြီးတော့ရှောင်းကျန့်ကအကြီးဆုံးပေမယ့် မဆုံးမတဲ့အပြင် သူပါဝင်ပါခဲ့တာလေ။
"မယ်မယ် ခွင့်လွှတ်ပေးပါ။
အားစုတို့က ကျွန်တော်တို့ကိုတားပါတယ်။
ပြီးတော့ဒါလဲ ကျွန်တော့်အမှားပါ။ ကျွန်တော်စလို့ဖြစ်တာပါ
အဲတော့ကျွန်တော့်ကိုပဲအပြစ်ပေးပါ.."
YOU ARE READING
My Husband is from a Prohibition Book