XXII

5.7K 537 5
                                    

Unicode

ရှိုးချန် ရိပေါ်ရဲ့တဲ‌ေဆာင်ရှေ့ကိုရောက်လာသည်။

"ဧကရာဇ် ကျွန်တော်ဝင်လာလို့ရမလား"

"ဝင်ခဲ့"

ရှိုးချန်အထဲရောက်တော့ အံ့ဩမှုတို့အတိုင်းသား။ အကြောင်းက ဧကရာဇ်တွေသာဝတ်ရသည့် နဂါးဝတ်ရုံကိုခြုံထားပြီး ကုတင်ပေါ်မှာထိုင်နေသည့် ရှောင်းကျန့်ကြောင့်ပင်။ မနေ့ကရှိုးချန်တို့ကအရင်ထသွားတာမို့ နောက်ပိုင်းဘာဖြစ်သွားမှန်းမသိလိုက်၊ အခုတော့သိပြီထင်တယ်။

ရှိုးချန်ကဝင်ခွင့်တောင်းနေတာမို့ ကုတင်ပေါ်မှာ အောက်ခံအင်္ကီ‌ျလေးသာဝတ်ထားတဲ့ ရှောင်းကျန့်ကိုရိ‌ေပါ်ရဲ့ ဝတ်ရုံကိုခြုံပေးထားလိုက်ရသည်။ ရှိုးချန်ကရှောင်းကျန့်ကိုကြည့်နေတာ‌ကြောင့် ရိပေါ်အသံပေးလိုက်တယ်။

"ဘာကိစ္စရှိလို့လဲ"

"အမဲလိုက်ထွက်ဖို့အချိန်ကျပြီလို့လာပြောတာပါ"

ရှောင်းကျန့်အမဲလိုက်ထွက်ဖို့လိုက်ချင်ပေမယ့် သူဒီနေ့တော့သွားဖို့အဆင်မပြေနေတာမို့ နေခဲ့တော့မယ်လို့သာ တွေးလိုက်ပြီး ရိပေါ်ကိုလက်တို့ကာတိုးတိုးလေးပြောလိုက်သည်။

"အရှင်တို့ ကိုယ့်ဘာသာပဲသွားလိုက်တော့နော်
ကျွန်တော်မလိုက်တော့ဘူး"

"ဘာလို့လဲ ကျန့်ငယ်"

"ဟို... အဆင်မပြေလို့ အရှင်တို့ပဲသွားလိုက်တော့"

ရိပေါ်ကအဲတော့မှနားလည်သွားပြီး ရှောင်းကျန့်အောက်ပိုင်းဆီအကြည့်တစ်ချက်ပို့လိုက်ပြီး ရှိုးချန်ကိုပြန်ကြည့်ကာ

"ကိုယ်တော်တို့မလိုက်တော့ဘူး
မင်းတို့ပဲသွားလိုက်ကြတော့ အားဟွမ်ကိုဂရုစိုက်ပေးလိုက်ဦး"

"ဟွမ်ဟွမ်အတွက်ကိုစိတ်မပူပါနဲ့ အဲဒါဆို သွားလိုက်ပါဦးမယ်
ဧကရာဇ်နဲ့သခင်လေး"

‌ရှိုးချန်က နှုတ်ဆက်ကာထွက်သွားသည်။ ရှိုးချန်တဲထဲကထွက်လာပြီးတော့ ကျီဟွမ်ကိုလှမ်းကြည့်တော့ သူစီးမယ့်မြင်းနားမှာရပ်ပြီး သူလွယ်ထားတဲ့ လေးနဲ့မြှားကိုသေချာပြင်နေ၏။ ရှိုးချန်လဲအနားကိုသွားလိုက်ပြီး သေချာပြင်ပေးလိုက်တော့ ကျီဟွမ်ကမော့ကြည့်လာပြီး ခပ်ချွဲချွဲ‌ေလသံလေးဖြင့်

My Husband is from a Prohibition BookWhere stories live. Discover now