Unicode
တစ်ပတ်ကြာပြီးနောက် ရှောင်းကျန့်သားလေးကိုချီပြီး နန်းတွင်းအပြင်ကိုထွက်လာခဲ့သည်။ ချောင်အိမ်တော်တွင်လူအားလုံးစုံနေပြီ။ မင်စီနဲ့ရှောင်းရီရယ် သူတို့သမီးလေးချောင်ဖေးရာရယ် နောက်ခရီးကရှောင်းကျန့်ရဲ့အကြောင်းကြားစာကြောင့် ပြန်လာတဲ့ ရှိုးချန်နဲ့ကျီဟွမ်ရယ်။ ရှောင်းကျန့်ကရက်သားကလေးလေးကိုချီပြီး အိမ်တော်ထဲဝင်လာကာ သူ့ရဲ့မျက်နှာကုိအုပ်ထားတဲ့ပုဝါကိုဖယ်လိုက်ပြီး ကလေးကိုခြုံထားတဲ့ အဝတ်ကိုဖယ်လိုက်ကာ ဝင်ထိုင်လိုက်သည်။
"ရောက်လာပြီလား ကျန့်ကျန့်"
ကျီဟွမ်ရဲ့နှုတ်ဆက်စကားကြောင့် ရှောင်းကျန့်ကပြုံးပြပြီး
"အင်း ဟွမ်ဟွမ်မတွေ့ရတာကြာပြီနော်"
ကျီဟွမ်ကရှောင်းကျန့်ကိုလာဖက်သည်၊ ပြီးတော့သူ့နေရာမှာပြန်သွားထိုင်နေသည်။ ရှိုးချန်ကလဲနှုတ်ဆက်လာတယ်။
"ဧကရီနေကောင်းပါရဲ့လား"
"အင်း"
ရှောင်းရီကသူ့အကိုကိုကြည့်ကာ ငိုနေတော့သည်။ မင်စီကအားလုံးပြောပြထားတာမို့ သူတို့အကုန်သိပြီးနေပြီ။ ရိပေါ်ကိုအပြစ်ပြောရအောင်လဲ အခုရိပေါ်ကဘယ်လိုအခြေအနေမှန်းမသိဘူး။ မင်စီပြောပြတာ ရိပေါ်ကရှောင်းကျန့်ကလေးမွေးတဲ့ညထဲက သတိမေ့နေတာ ခုထိသတိပြန်မလည်လာဘူးတဲ့။ ဖန်ယင်းကလဲအရမ်းကို အံ့ဩနေသည်တဲ့လေ။
ရှောင်းကျန့်ကငိုေနတဲ့သူ့ညီမနဲ့ မျက်ရည်တွေဝဲပြီးကြည့်နေတဲ့ ကျီဟွမ်ကိုကြည့်ပြီး ခေါင်းခါပြကာ
"မင်းတို့လဲသိပြီးလောက်ပြီပေါ့ ဒီနှစ်တွေမှာဖြစ်သွားတဲ့အရှင်နဲ့ငါ့အခြေအနေတွေကို"
"ကိုကိုငါတကယ်စိတ်မကောင်းဘူး ဘာလို့များငါ့ကိုမပြောရတာလဲ"
"နင့်ကိုပြောလဲ နင်စိတ်ညစ်တာပဲရှိမယ် မငိုကြပါနဲ့တော့ ငါအခုပြောချင်တာ ဟွမ်ဟွမ်နဲ့ရှိုးချန် မင်စီ ငါ့ကိုကူညီပေးကြပါ"
"အင်း ကူညီမယ် မင်းကိုအကုန်ကူညီပေးမယ်"
"ရီလေး သားလေးကိုစောင့်ရှောက်ပေးပါ ငါဒီရက်တွေမှာသားကိုစောင့်ရှောက်နိုင်မှာမဟုတ်ဘူး အဲဒါကြောင့် သားလေးကို ရာေလးနဲ့တူတူစောင့်ရှောက်ပေးပါနော်"
![](https://img.wattpad.com/cover/282019949-288-k331559.jpg)
ВЫ ЧИТАЕТЕ
My Husband is from a Prohibition Book