Unicode
ရှောင်းကျန့်တစ်ရက်တွင်းအကတိုက်ရပေမယ့် သူကအကနဲ့ပါရမီပါလာလားတော့မသိ၊ အတော်လေးအဆင်ပြေသည်။ အားရုံနဲ့အားစုက သူ့ကိုနှလုံးအားနည်းတာကြောင့်တားပေမယ့် သူကတော့ကမှာပဲ၊ သူ့ညီမမလုပ်ချင်တာတော့အတင်းလုပ်ခိုင်းမည်မဟုတ်။ အကတိုက်တဲ့ခန်းမထဲမှာ ထိုင်ရင်းချွေးသုတ်နေတဲ့ရှောင်းကျန့်ဆီ ရှောင်းရီပြေးသွားပြီး
"ကိုကို အဆင်ပြေရဲ့လားဟင်။ မောနေလား ကကွက်တွေရောမှတ်မိရဲ့လား"
"ရပါတယ် ကကွက်တွေကထင်သလောက်မခက်ဘူး ငါမှတ်မိတယ်"
"အေး နင်ကဉာဏ်ကောင်းတာကို
မနက်ဖြန်သွားရတော့မှာဆိုတော့ အဆင်သင့်ပြင်ထားရမယ်"ပြောပြီးထွက်သွားတဲ့ရှောင်းရီကိုကြည့်ပြီး ရှောင်းကျန့်သက်ပြင်းချလိုက်တယ်။ သူလိုက်သွားမှာဆိုပေမယ့် ဧကရာဇ်ကသူ့ကုိလက်မခံရင်ကော၊ သူ့ညီမကအခုဘာမှမဟုတ်ပဲယောက်ျားရတော့မှာကို ကြည့်ပြီးစိတ်ထဲမကောင်း။
နောက်နေ့မနက်ခင်းစောစောမှာ နန်းတွင်းကတပ်သားတစ်ချို့နဲ့ဝေါယာဉ်တစ်ခုကရောက်လာကြတယ်။
"သခင်လေးနဲ့သခင်မလေးအဆင်သင့်ေစာင့်ေနကြပါပြီ"
ရှောင်းကျန့်ရယ်ရှောင်းရီရယ်နဲ့ အနောက်တွင်အားရုံ၊အားစု၊အားဖေးနဲ့အားထုန်တို့ကရပ်နေကြသည်။ ရှောင်းကျန့်ကအပြာဖျော့ဖျော့ဝတ်ဆုံလေးကိုဝတ်ဆင်ထားပြီး ဆံပင်ကိုတဝက်ထုံးကာ အပြာနုေရာင်ကြုိးအရှည်နဲ့စီးထားသည်။ ရှောင်းရီကတော့ခရမ်းရောင်ဖျော့ဖျော့လေးဝတ်ထားပြီး ဆံပင်ကိုဖြန့်ချကာအဆင်တဆာအနည်းငယ်သာဝတ်ဆင်ထားတယ်။
YOU ARE READING
My Husband is from a Prohibition Book