III

10K 1K 15
                                    

Unicode

တကယ်တော့ ရှောင်းရီယူလာတဲ့စာအုပ်ကရှောင်းမျိုးရိုးရဲ့တားမြစ်စာအုပ်ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း500လောက်ထဲက ထိုစာအုပ်ကိုတားမြစ်စာအုပ်အဖြစ် သတ်မှတ်ပြီး မည်သူ့ကိုမှမဖတ်ခိုင်းတော့။ သို့သော်ရှောင်းမျိုးရိုး၏ လွန်ခဲ့တဲ့နှစ်များစွာကစာအုပ်ဖြစ်တာကြောင့် နောက်မျိုးဆက်များလက်ဆင့်ကမ်းခဲ့ကြသည်။

စာအုပ်ကအသက်ဝင်နေတယ်ပဲပြောရမလား၊ ထိုစာအုပ်ကိုဖတ်မိသည်နှင့် ဖတ်မိသောလူရဲ့ကံကြမ္မာဟာထိုစာအုပ်ထဲမှာအဖြစ်သတ်မှတ်ခံလိုက်ရသည်။ သတ်မှတ်ခံရသည်နှင့် ထိုလူဟာထိုစာအုပ်ထဲရောက်သွားတော့တယ်။ အဲစာအုပ်ကိုအဆုံးထိဖတ်နိုင်တဲ့သူမရှိခဲ့ဘူး။နောက်လဲရှိလာမှာမဟုတ်ဘူး။ ဘာလို့ဆိုအဲစာအုပ်ကိုစဖတ်တာနဲ့ သတ်မှတ်ခံရပြီးထိုစာအုပ်ထဲရောက်သွားရလို့။

ထိုစာအုပ်ရဲ့ဇာတ်လမ်းတွေဟာအမြဲပြောင်းလဲနေသည်။ ပြောရရင်အဲထဲကိုဝင်သွားတဲ့သူရဲ့ကံကြမ္မာတိုင်းစာအုပ်ထဲကစာတွေကလဲပြောင်းလဲသွားတတ်သည်။ အဲတော့စာအုပ်ထဲကဇာတ်လမ်းကအမြဲတူနေမှာမဟုတ်ဘူး။ ဒါကိုရှာတွေ့သွားတဲ့ရှောင်းဘိုးဘေးတစ်ယောက်ကအဲ့စာအုပ်ကိုတားမြစ်စာအုပ်ဖြစ်သတ်မှတ်လိုက်တော့သည်။

ဘာလို့ဆိုစာအုပ်ထဲဝင်သွားတဲ့လူတိုင်းကပြန်မထွက်လာနိုင်ဘူး။ သူတို့ဘဝနဲ့ကံတရားကအဲစာအုပ်ထဲမှာပိတ်မိသွားသည်။ အပြင်လောကကလူတွေကလဲ သူ့ကိုမေ့ပျောက်သွားကြတယ်။ သူစာအုပ်ထဲရောက်သွားတာနဲ့အပြင်လောကကသူနဲ့ရင်းနှီးသမျှလူတိုင်းကသူ့ကိုမေ့သွားကြသည်။ ဒါဟာဆိုးရွားလွန်းတာမို့စာအုပ်ကလက်ဆင့်ကမ်းလာပေမယ့် တားမြစ်ထားတဲ့စာအုပ်တစ်အုပ်ဖြစ်လာသည်။

စာအုပ်ရဲ့သားကောင်ဖြစ်သတ်မှတ်ခံရတဲ့သူက တကယ်တော့ရှောင်းရီသာ။ ရှောင်းရီကရှာတွေ့တဲ့သူဖြစ်ပြီးပထမဆုံးစာအုပ်ကိုဖတ်လိုက်သည့်သူ။ သို့သော်စာအုပ်ကသူ့ကိုခေါ်ချိန်မရလိုက်၊ သူကသိမ်းပြီးသယ်သွားတာကြောင့်ပင်။ ရှောင်းကျန့်ကစာအုပ်ကိုဖတ်နေရင်းလဲဖြစ်တယ်၊ ဖွင့်ထားရက်လဲဖြစ်တာကြောင့် ရှောင်းကျန့်ပါရောပြီးစာအုပ်ရဲ့သားကောင်ဖြစ်သတ်မှတ်ခံလိုက်ရတာ။ ရှောင်းရီကသတ်မှတ်ခံပြီးသားသူမို့ သူပါစာအုပ်ထဲရောက်သွားခဲ့ရသည်။ ရှောင်းရီရောက်သွားတဲ့ချိန်မှာစာအုပ်ကလဲပိတ်သွားခဲ့တယ်။

My Husband is from a Prohibition BookWhere stories live. Discover now