Unicode
"ဟယ်!သတင်းကြားပြီးပြီးလား"
"ဘာသတင်းလဲ"
"တစ်ပတ်လောက်မေ့မျောသွားတဲ့ကောင်လေးက ခုနကလေးတင် နိုးလာပြီး
သရဲ သရဲလို့ သွေးရူးသွေးတန်းအော်နေတယ်တဲ့""အခုရောဟင်"
"အခုထိ သူ့ကို ဖျောင်းဖျလို့မရသေးဘူးဆိုပဲ"
ကောင်တာကနေဖြတ်လျှောက်လာစဥ်သူနာပြုတွေပြောတဲ့စကားကို ကြားပြီး
ဝမ်ရိပေါ် ခေါင်းနပမ်းကြီးသွားရသည်။သူ
ရှောင်းကျန့်သွေးရူးသွေးတန်းဖြစ်နေတဲ့
ပုံစံကို မြင်ယောင်ပြီး ဓာတ်လှေကားတောင်မစောင့်နိုင်တော့ပဲ 12လွှာထိ ပြေးတက်လာခဲ့သည်။ အခန်းရှေ့ကို ရောက်ခါနီး တခြားအခန်းက ထွက်လာတဲ့ ဆရာဝန်သုံးလေးယောက်နဲ့ သူနာပြုတစ်ချို့ကို တွေ့လိုက်ရသည်။သူခဏကြောင်ငေးကြည့်ပြီးမှ သူ့အရှေ့က
အခန်းတံခါးကို အမြန်ဖွင့်ပြီး အခန်းထဲ
ပြေးဝင်လာတော့သည်။ကုတင်ပေါ် မှာအခုထိအိပ်ပျော်နေတဲ့ ရှောင်းကျန့်ကို မြင်လိုက်ရမှ သူအသက်ကောင်းကောင်းရှူနိုင်တော့သည်။တုန်ယင်နေသော ခြေလှမ်းတွေနဲ့ကုတင်နား သူလျှောက်လာခဲ့ပြီး
ရှောင်းကျန့်ရဲ့နဖူးလေးကို သူအချိန်အကြာကြီးဖိနမ်းနေမိသည်။"လောင်ကုန်း"
အသံကြောင့် ဝမ်ရိပေါ် အံ့သြကာ ငုံ့ကြည့်လိုက်ချိန် ရှောင်းကျန့်က
သူ့လည်ပင်းကို သိုင်းဖက်ကာ နှုတ်ခမ်းချင်းဖိနမ်းလိုက်သည်။"ပေါင်ပေ့မင်းသတိရလာပြီးနော"
ရိပေါ် ရဲ့အသံရှုသံတွေ မြန်ဆန်နေတာကြောင့် ရှောင်းကျန့်လက်နှစ်ဖက်နဲ့
သူ့ပါးကို ထိကိုင်လိုက်သည်။"ဘာဖြစ်လို့လဲ "
"ခုနက မင်းတစ်ခုခုဖြစ်နေပြီးထင်လို့
ကိုယ် ဓာတ်လှေကားကို မစောင့်နိုင်လို့
ပြေးတက်လာခဲ့တာ""တောင်းပန်ပါတယ် ကျွန်တော့်ကြောင့်အရမ်းပင်ပမ်းရပြီး"
"ဟင်အင်း ကိုယ်ဘာမှမဖြစ်ဘူး ၊ကိုယ်သတင်းကောင်းပြောစရာရှိတယ်"
YOU ARE READING
I'm not real your husband ✔✔
FanfictionSeme- wang yi bo Uke-xiao zhan Yizhan Fanfiction written by -Lay Pyi Thway Nge