8.wang'wife

10.1K 811 105
                                    

Unicode

"ဟေ့"

ခြေထောက်ဆေးလိမ်းနေတုန်း
သူ့လက်မောင်းကို လာရိုက်တဲ့ယောက္ခမကြီးကြောင့်ရှောင်းကျန့်မော့ကြည့်သည်။
ဝမ်ရှန်းရီက သူ့ခြေထောက်ကိုတစ်ချက်ကြည့်ပြီး အနားကဆိုဖာပေါ် တွင်ဝင်ထိုင်ကာ ယခုလိုဆိုလိုက်သည်။

"မင်းညတုန်းက အဲ့ကားလေးကိုအဆုံးထိ
မကြည့်ဘူးမလား"

ရှောင်းကျန့်ခေါင်းကို အသာလေးခါယမ်းတော့ ဝမ်ရှန်းရီနှာခေါင်းရှုံ့သည်။
နောက်ပိုင်းအခန်းတွေမှာ ဟိုဒင်းဟိုဟာ
အခန်းတွေပါမယ်ဆိုလို့ ရှောင်းကျန့်
ဆက်မကြည့်တော့တာပါ။
သူ့ဘေးမှာလည်း ဝမ်ရိပေါ် ရှိနေတာ
ကြောင့်လည်းပါသည်။

"ဟို ရိပေါ် ရှိနေတော့ ကြည့်ရမှာ တစ်မျိုးပဲ"

"ရှက်နေတာလား"

ခြေထောက်ကိုပတ်တီးစည်းရင်း
သူ့ကို ခေါင်းငြိမ့်ပြနေတဲ့ ရှောင်းကျန့်ကို
ကြည့်ပြီး ဝမ်ရှန်းရီ အကြံတစ်ခုရလာ
သည်။

"ဒါဆိုလည်း ရုပ်ပြပဲဖတ်တော့"

"ရုပ်ပြလား?"

မျက်လုံးအဝိုင်းသားနဲ့ သူ့စကားကိုသံယောင်လိုက်မေးလာသော
ချစ်စဖွယ်ကောင်လေး။အပြစ်ကင်းစင်လိုက်တာ ၊သူမရောက်ခါစက
သားလက်ထပ်သွားတဲ့ကိစ္စနဲ့ပက်သက်
ပြီး ဘာကိုမှမမြင်နိုင်ခဲ့လို့ ကောင်လေး
အပေါ် ရိုင်းပြခဲ့မိတယ်။

"ဟုတ်တယ်၊ အဲ့ကြောင်နဲ့ကြွက်က
ရုပ်ပြစာအုပ်ရှိတယ် ငါတို့ကြည့်တဲ့ဟာက
ဒါရိုက်တာ....ကပြန်ရိုက်ထားတာလေ။ရုပ်ပြကကျတော့ဖတ်ရုံပဲဆိုတော့ လုပ်တဲ့အသံတွေဘာတွေ စိတ်ပူစရာမလိုဘူးပေါ့။ငါဆိုငါ့ယောကျာ်းအိပ်ပျော်သွားရင် စောင်ကိုခေါင်းမြီးခြုံပြီး ခိုးခိုးဖတ်တာ"

"လာ မင်းဖုန်းပေး အဲ့စာရေးဆရာတွေကို
followလုပ်ထားလိုက် "

ဝမ်ရှန်းရီဆိုရင်း စားပွဲပေါ် တင်ထားတဲ့
ရှောင်းကျန့်ဖုန်းကိုလှမ်းယူပြီး weibo
အကောင့်သို့ဝင်လိုက်သည်။သူမဖတ်သမျှ
manhua၊manhwa၊webtoonရဲ့စာရေးဆရာတွေကို ရှောင်းကျန့်အတွက် တစ်ယောက်ပြီးတစ်ယောက်
followတွေလိုက်လုပ်ပေးနေသည်။

I'm not real your husband ✔✔Where stories live. Discover now