"လျို့ဝှက်ခန်းထဲက ဓာတ်ပုံများ"
Unicode
အခုဆို ရှောင်းကျန့်အိမ်ပြန်ရောက်လာတာ
တစ်နာရီပင်ရှိနေပြီး။လွန်ခဲ့သော
တစ်နာရီလောက်က ယွီအားရှင်းကို
လူဆိုးတွေဖမ်းသွားတယ်လို့ဖုန်းဆက်ပြောတော့ ဝမ်ရိပေါ် က သူ့ကိုလာကြိုပြီး
ဘာမှစိတ်မပူနဲ့လို့ပြောကာ သူကိုအိမ်ပြန်ပို့ပေးသည်။သူဘယ်လိုလုပ် စိတ်မပူပဲနေမလဲ ၊ ယွီအားရှင်းကိုလူဆိုးတွေတစ်ခုခုလုပ်သွားမှာဆိုတဲ့အတွေးကိုမြင်ယောင်ကြည့်တာနဲ့တင် သူရင်ထိတ်နေရသည်။ဝမ်ရိပေါ် ကျ ယွီအားရှင်းကို မနှစ်သက်သူမို့
သိပ်ပြီးမစိုးရိမ်တာလည်းဖြစ်နိုင်သည်။အစည်းအဝေးရှိလို့ကုမ္ပဏီကိုပြန်ပြေးသွား
တဲ့ လူဆိုးကြီးကို ရှောင်းကျန့်လည်း
ဘယ်လိုဖုန်း ခေါ် ရက်တော့မလဲ။ အချိန်တန်ရင် သူဘာသာသူပြန်ရောက်လာလိမ့်မယ်လို့ ပြောပြီး သူ့ကိုအိမ်မှာပဲ စောင့်ခိုင်းခဲ့သည်။ရှောင်းကျန့်လည်း
ဘာမှမတတ်နိုင်တာမို့ ယွီအားရှင်းပြန်ရောက်လာမယ့်အချိန်ကိုသာ စောင့်မျှော်နေမိသည်။နောက်နာရီဝက်လောက်အကြာမှာတော့
ယွီအားရှင်းအမှန်တကယ်ပြန်ရောက်လာခဲ့သည်။သူ့ပုံစံက မုဒိန်းကျင့်ခံထားရတဲ့ပုံနဲ့တူနေပြီး ဆံပင်တွေကလည်း ရှုပ်ပွနေသည်။ရှောင်းကျန့်ကအိမ်ထဲဝင်လာတဲ့သူ့ကိုမြင်တာနဲ့ ဝမ်းသာအားရနဲ့ ပြေးဖက်လေတော့သည်။ဒါကို ယွီအားရှင်းက အဖက်မခံပဲ ရှောင်းကျန့်ကိုတွန်ထုတ်တော့ အရှိန်လွန်သွားတာမို့ နောက်က နံရံ
နဲ့ဆောင့်မိကာ လဲကျသွားသည်။"မင်းဘာတွေလာဟန်ဆောင်နေတာလဲ
ရှောင်းကျန့်"အောင့်တက်သွားတဲ့ကျောပြင်တစ်လျှောက် ရဲ့ နာကျင်မှုကို
ရှောင်းကျန့်လျစ်လျူရှုလိုက်ပြီး
အားတင်းကာ မတ်တပ်ထရပ်လိုက်
သည်။သူက နားမလည်သောအ
ကြည့်တွေနဲ့ ယွီအားရှင်းကို ကြည့်လာပြီး"ရှင်းရှင်း မင်းဘာတွေပြောနေတာလဲ? "
"ငါဘာတွေပြောနေတာလဲဟုတ်လား?အဲ့လူဆိုးတွေက မင်းကျဖမ်းမသွားဘဲ
မင်းကိုအလွတ်ပေးခဲ့တာလေ။ သွေးရိုးသားရိုးကိစ္စရပ်တစ်ခုပါလို့
ငါ့ကိုယုံကြည်ခိုင်းနေတာလား"
YOU ARE READING
I'm not real your husband ✔✔
FanfictionSeme- wang yi bo Uke-xiao zhan Yizhan Fanfiction written by -Lay Pyi Thway Nge