9.မင်းငါ့ကို မချစ်ဘူး

10.1K 799 64
                                    

Unicode

1.(သူ ဂျယ်လီနင်နေပြီး-----)

"အဟင်း အားရှင်း ကြည့်ကြည့် အဲ့ကောင်မလေးက ချစ်စရာကောင်း
တယ်မလား"

Tom &Jerryကြည့်နေတုန်း ဝမ်ရှန်းရီက
သူ့ကို ဖုန်းထဲကောင်မလေးပုံပြလာတော့
ရှောင်းကျန့်ကြည့်လိုက်သည်။

"ဟုတ်သားပဲ မား ၊သူမမျက်လုံးက
ကြယ်ကလေးလိုတောက်ပနေတာပဲ"

အဖြူရောင်ဂါဝန်လေးနဲ့၁၀ ကျော်သက်ကောင်မလေးက တကယ်ချစ်စရာလေး
မို့မဆိုင်းမတွ ရှောင်းကျန့်ဖြေလိုက်သည်။
အပေါ် ယံအမြင်မှာ သူမလေးကချစ်စရာကောင်းလို့ သူကဘာစိတ်မှမရှိပဲ ဖြေလိုက်ပေမယ့် တစ်စုံတစ်ယောက်ကတော့
သူ့စကားကြောင့် ဂျယ်လီနင်သွားရသည်။

"လိုချင်လား"

ဝမ်ရှန်းရီရဲ့စကားကြောင့် ရှောင်းကျန့်မျက်ခုံးနှစ်ဖက် အနည်းငယ်မြင့်တက်သွားရသည်။မားရဲ့စကားက သူ့ကိုဟာသတစ်ခုဖြစ်သွားစေသည်။ဒီဘဝမှာ မိန်းကလေးမပြောနဲ့ ၊ယောကျာ်းတွေထဲမှာမှ ဝမ်ရိပေါ် တစ်ယောက်ကိုသာ သူလိုချင်ခဲ့သည်။
ဝမ်ရိပေါ် ကိုမရရင်တောင် သူ့အချစ်က
တစ်ခြားတစ်ယောက်ဆီသို့ ကူးပြောင်းသွားမှာမဟုတ်ပေ။ဒါပေမဲ့ မားကို သူခပ်တည်တည်နဲ့ ပြန်စလိုက်သည်။

"အဲ့လိုလုပ်လို့ရလား"

"သိပ်ရတာပေါ့၊ သားသူနဲ့ဒိတ်ချင်လား။မနက်ဖြန်သားဘာဝတ်ရမလဲ မားအကောင်းဆုံးရွေးပေးမယ်"

ရှောင်းကျန့်လည်း ကျေနပ်စွာနဲ့ခေါင်းကလေးငြိမ့်ပြပြီး TVပြန်ကြည့်နေလိုက်
သည်။သူတို့ကို အေးစက်စက်ကြည့်နေတဲ့
မျက်ဝန်းတစ်စုံကိုတော့ ရှောင်းကျန့်သတိမထားမိလိုက်ပါလေ။

ရှောင်းကျန့်ကို ကောင်မလေးပုံမပြခင်တုန်းက ဝမ်ရှန်းရီသည် သူ့သားရေခဲတုံးကြီး အောက်ထပ်ဆင်းလာတာကိုမြင်
လို့ တမင်အကြံထုတ်လိုက်ခြင်းဖြစ်
သည်။သူဒီလိုလုပ်ခြင်းအားဖြင့် လူငယ်နှစ်ယောက်ပိုနီးစပ်သွားနိုင်တယ်မလား။သူ့သားကအတော်လေးအေးစက်နေတာကိုလည်းသူတွေ့ခဲ့ရတာမို့ ယွီအားရှင်းကို သူ
ကူညီပေးချင်သည်။ လူကြီးတွေကြောင့်သာမဟုတ်ရင် အခုချိန် ဒီကောင်လေးနှစ်ယောက်ဟာ သူတို့ချစ်သူနဲ့ ပျော်ရွင်ကောင်းပျော်ရွင်နိုင်သည်။အခုလို လက်ထပ်ပြီးသွားတဲ့အချိန်မှာကွာရှင်းသွားကြမှာကို သူမထောက်ခံပါလေ။ဘာလို့ဆို ယွီအားရှင်းက စိတ်သဘောထားကောင်းတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး လူကြီးသူမတွေကို လေးလေးစားစားဆက်ဆံတတ်တာ သူမသိလိုက်ရတာ
ကြောင့်ပေ။

I'm not real your husband ✔✔Where stories live. Discover now