Unicode
"အဟင့်...ဟင့် အီး...ဟီး..ဟီး"
အပေါ် ပြန်တက်လာစဥ် တအင့်အင့်နဲ့
ငိုရှိုက်သံကြောင့် ရှောင်းကျန့်ခြေလှမ်းများတုံ့ခနဲ ဖြစ်သွားသည်။ဒီအိမ်မှာ မိန်းကလေးဆိုလို့ မားနဲ့ အန်တီကြီးသာရှိသည်။သူအခု အန်တီကြီးနဲ့အောက်ထပ်က
တွေ့လာတာမို့ အခုငိုရှိုက်သံသည် မားကလွဲရင် အခြားတစ်ယောက်မဖြစ်နိုင်တော့။
ကော်ရစ်ဒါဘက်ကိုဦးတည်လျှောက်လာတော့ ဒေါင့်ဆုံးခန်းက မားရဲ့ငိုရှိုက်သံကို
ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။"မား..."
တံခါးတွန်းဖွင့်လိုက်တဲ့အသံနဲ့အခန်းထဲဝင်လာသော ရှောင်းကျန့်ကိုမြင်တော့ ဝမ်ရှန်းရီအသံက ပိုကျယ်လာသည်။
"မား ဘာဖြစ်လို့လဲဟင်"
စိုးရိမ်တကြီးနဲ့ ရှောင်းကျန့်မေးလာတော့
ဝမ်ရှန်းရီက မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်လိုက်သည်။သူက ရှိုက်သံမထွက်အောင် အရှိန်ယူပြီး သူ့အနားဝင်ထိုင်တဲ့ ရှောင်းကျန့်ကိုလှည့်ကြည့်လိုက်သည်။"ကုယျန်ရှန်းနဲ့ ဝမ်နျဲ့နန်တို့ ကွာရှင်းလိုက်ပြီး"
"ဗျား!"
ကိုယ်ရေးကိုယ်တာကိစ္စကြောင့် မားငိုနေတယ်လို့ ရှောင်းကျန့်ထင်ခဲ့ပေမယ့်
တကယ့်တော့ မားက Black lotusထဲက
ဇာတ်ကောင်နှစ်ယောက်ကြောင့် အခုလို
ငိုမှန်း သိလိုက်ရသည်။အဲ့ဒါကြောင့်နဲ့
မား ဒီလောက်ထိ ငိုလိမ်မယ်လို့ ရှောင်းကျန့်တကယ်မထင်ခဲ့ပေ။"အားရှင်း ကုယျန်ရှန်းက မကောင်းတဲ့လူမှန်းမှားသိပါတယ်၊ဒါပေမဲ့ သူတို့နှစ်ယောက်ကို မကွာရှင်းစေချင်ဘူး။တစ်အိမ်တည်းအတူတူနေပြီး နန်နန်ရဲ့ ဥပေက္ခပြုမှုကို ရှန်းရှန်းကိုပဲ ခံစားစေချင်တယ်"
"မားက အဲ့ဒါကြောင့် ငိုနေတာလား၊ သူများတွေဆို သူတို့ကွာရှင်းလို့
ပျော်နေကြတာ။လူတိုင်းကိုက
သူတို့နှစ်ယောက်ကို ကွာရှင်းစေချင်
တာလေ"ရှောင်းကျန့်ပြောတာလည်း ဟုတ်နေတာမို့
ဝမ်ရှန်းရီ အသံခဏတိတ်သွားသည်။
YOU ARE READING
I'm not real your husband ✔✔
FanfictionSeme- wang yi bo Uke-xiao zhan Yizhan Fanfiction written by -Lay Pyi Thway Nge