3.He is my crush

12.5K 1.1K 31
                                    


Unicode

ရှောင်းကျန့်သည် သိပ်မကြာလိုက်ခင်မှာပဲ
ဝမ်ရိပေါ် ဆီဖုန်းမဆက်ပဲ မက်ဆေ့ပို့လိုက်သည်။

"ငါ ညနေကျရင်အစည်းအဝေးရှိလို့
အဖိုးနဲ့သွားတွေ့ဖို့ အဆင်မပြေဘူး"

ယွီအားရှင်းဆီက စာကိုမြင်တာနဲ့
ဝမ်ရိပေါ် မျက်မှောင်ကြုတ်သွားလေ
သည်။

ယွီအားရှင်း။သူမအားဘူးလို့ ငါ့လို့
ပြောလိုက်တာလား။

သူ့ကို သဘောကျနေကြောင်း မျက်ဝန်းတစ်စုံကနေ မြင်နေရတဲ့ယွီအားရှင်းက သူ့ကိုမနှောင့်ယှက်ချင်လို့ပဲလား၊ဒါမှမဟုတ် သူ့ဆီက attention လိုချင်လို့လားဆိုပြီး
ဝမ်ရိပေါ် အတွေးနယ်ချဲ့နေမိတော့သည်။

သူ့လက်ကိုအမြန်လှုပ်ရှားလိုက်ပြီး ယွီအားရှင်းဆီကို ဝမ်ရိပေါ် စာပို့လိုက်သည်။

"5နာရီအသင့်ပြင်ထား၊ လှလှပပ ရွေးဝတ်ခဲ့"

ဝမ်ရိပေါ် ဆီက စာထပ်ဝင်လာတော့
ရှောင်းကျန့်လေးစူထော်သွားလေသည်။
သူ့မှာ မျက်နှာစူပုတ်ပုတ်နဲ့ယွီရန်အာရုံးခန်းသို့ဦးတည်လိုက်သည်။

ယွီရန်အာကို ရှောင်းကျန့်အကျိုးအကြောင်းပြောပြ
ပြီး အိမ်ကိုအစောကြီးပြန်
လာခဲ့သည်။ အစောကြီး
ပြန်ရောက်လာတဲ့သူ့ကို
အန်တီကြီးကမြင်တော့
အနားသို့ ခပ်သွက်သွက်လေး
လျှောက်လာခဲ့သည်။

"အားရှင်း အစောကြီးပါလား၊
ဒါမှမဟုတ် နေမကောင်းဖြစ်နေ
လို့လား"

ရှောင်းကျန့်ခေါင်းကို အသာယမ်းပြပြီး
အန်တီကြီးကိုပြုံးပြကာ ပခုံးကနေ
ဖက်ထားလိုက်သည်။

"အန်တီကြီးကို လွမ်းလို့ပေါ့ "

သူ့ကိုတရင်းတနှီးဆက်ဆံနေတဲ့
ကောင်လေးကို အန်တီကြီးလည်း
သားအရင်းသဖွယ်ချစ်သံယောဇဥ်
ဖြစ်ရသည်။မြင့်မြတ်တဲ့အသိုင်းအဝိုင်းက
လည်းဖြစ် ၊စိတ်သဘောထားနူးညံ့ပြီး
ကြင်နာတတ်တဲ့ ဒီလိုကောင်းလေးမျိုး
သူမဘဝမှာ တစ်ခါမှမမြင်ခဲ့ဖူးပေ။

"အားရှင်း တစ်ခုခုစားချင်တာရှိရင်
အန်တီ့ကိုပြောနော"

"အခုတော့စားချင်စိတ်မရှိဘူး ၊ဒီညနေ၅နာရီမှာ အဘိုးနဲ့သွားတွေ့ဖို့
ဝမ်သခင်လေးက လာခေါ်မယ်တဲ့"

I'm not real your husband ✔✔Tempat cerita menjadi hidup. Temukan sekarang