Unicode
ဒီမနက် ဝမ်ရိပေါ် နိုးလာတော့ ဘေးနားမှာ
ယွီအားရှင်းကို မတွေ့ပေ။အလုပ်အစောကြီးသွားတာလားလို့ သူတွေးလိုက်မိသည်။ညတုန်းကနှစ်ယောက်သား
အိပ်ရာလုရင်းအချိန်ကုန်သွားတာမို့
နောက်ကျမှ သူအိပ်ပျော်သွားသည်။
ယွီအားရှင်းပြောင်းလဲသွားတာကို
အချိန်အတော်ကြာစဥ်းစားလို့ အိပ်မပျော်ဖြစ်နေတယ်ဆိုပိုမှန်မည်။ယွီအားရှင်းက
ဘယ်တုန်းကများ သူ့ကိုခွန်းတုံ့ပြန်ဖူးလို့လဲ။ ဆေးရုံကဆင်းပြီးမှ ဒီလိုပြောင်းလဲသွားတာ ဘာကြောင့်လဲ။သူ့ပုံစံက
သိပ်ကိုစွာလွန်းတဲ့ ယုန်ပိစိလေးတစ်ကောင်နဲ့တူလာပြီး အမူအရာတွေကအစ
သိပ်ကိုချစ်ဖို့ကောင်းလာသည်ဟု
ရိပေါ် စိတ်ထဲ မှတ်ချက်ပြုသည်။အချိန်အစောတော့ဘူးဆိုတာ သူတွေးမိပြီး
ယွီအားရှင်းကိစ္စကိုမေ့ပြစ်ဖို့ ကိုယ့်ကိုယ်ကို
သတိပေးလိုက်သည်။ ချက်ချင်းပဲ
ကုတင်ပေါ် ဆင်းကာရေချိုးခန်းကို ရိပေါ်
ဝင်သွားတော့သည်။ရေချိုးခန်းကထွက်လာစဥ်စားပွဲပေါ် မှာတင်ထားတဲ့ ဖုန်း vibration
ကြောင့် ရိပေါ် သွားယူလိုက်သည်။
အဖိုးဖြစ်သူဆီကဖုန်းမှန်းသိလိုက်တော့ မျက်မှောင်လေးကြုတ်ကာ စိုထိုင်းထိုင်း
ရှေ့ဆံပင်ကို တစ်ချက်နှစ်ချက် ဖွလိုက်ပြီး
ဖုန်းကိုင်လိုက်သည်။"သူနဲ့လား ၊ကျွန်တော်မအား...."
"ကျစ်!"
အဖိုးက ပြောချင်ရာပြောပြီးသူပြောမယ့်စကားကိုဆုံးအောင်နားမထောင်ပဲ
ဖုန်းကိုချပစ်လိုက်တာကြောင့် ဝမ်ရိပေါ် စုတ်တစ်ချက်သပ်လိုက်မိသည်။ဘာတဲ့။ နေ့ခင်းကျရင် အားရှင်းနဲ့အတူ
လာခဲ့ဆိုပဲ။အံ့သြစရာ အဲ့ကောင် သောက်ချိုးမပြေတာ ဘိုးဘိုးမမြင်သေးလို့။ရုတ်တရက် အခန်းတံခါးဖွင့်သံကြောင့်
ဝမ်ရိပေါ် လှည့်ကြည့်စဥ်မြင်လိုက်ရတဲ့
ယွီအားရှင်းပုံစံကြောင့်သူရယ်ချင်စိတ်ကိုထိန်းလိုက်သည်။ဘုရားစူးယွီအားရှင်း။ မရှိမဲ့ရှိမဲ့ ဆံပင်ကိုမိန်းကလေးလိုနှစ်ခွစည်းထားတာဘယ်လိုလေးလဲဟ။အလုပ်အစောကြီးသွားတယ်လို့ထင်ပေမယ့် ကိုယ်တော်ချောက ပိုးသားပန်းရောင် ညအိပ်ဝတ်စုံနဲ့ရှိနေတုန်းပေ။ဟုတ်သားပဲ သူခြေထောက်ကပြန်မှကောင်းမလာသေးတာ။
YOU ARE READING
I'm not real your husband ✔✔
FanfictionSeme- wang yi bo Uke-xiao zhan Yizhan Fanfiction written by -Lay Pyi Thway Nge