Unicode
ဒီနေ့တစ်ရက်လုံး ဝမ်ရိပေါ် သည်
အိမ်မှာပဲ အလုပ်လုပ်ပြီး ကုမ္ပဏီကို
မသွားခဲ့ပေ။ညနေ ၅နာရီထိုးသွားတာ
တောင် အလုပ်ကနေ ယွီအားရှင်း
ပြန်မရောက်သေးတာမို့ မျက်နှာ
ပေါ် မှာ အလိုမကျမှုတို့က အထင်းသား။"ကလင်း..ကလင်း...ကလင်း..."
အိမ်ဖုန်းမြည်သံကြားတော့ အခန်းထဲကနေ ဝမ်ရိပေါ် ထွက်လာပြီး အောက်ထပ်ကိုဆင်းလာခဲ့သည်။
အန်တီကြီးက တစ်ယောက်ယောက်နဲ့ဖုန်းပြောပြီး ဂရုစိုက်ပါလို့မှာကာ ဖုန်းချသွားပြီး မီးဖိုခန်းထဲ ဦးတည်တော့
ဝမ်ရိပေါ် လှမ်းခေါ်လိုက်သည်။"ဘယ်သူဆက်တာလဲ"
"သခင်လေး အားရှင်းဆီကပါ အလုပ်များလို့ ဒီနေ့ပြန်မအိပ်ဖြစ်ဘူးတဲ့"
အန်တီကြီးကို ခေါင်းငြိမ့်ပြပြီး အပေါ် ထပ်ကို ဝမ်ရိပေါ် ပြန်တက်လာခဲ့သည်။
"မင်းကငါ့ကိုရှောင်ချင်တာလား"
ယွီအားရှင်းနဲ့ တစ်အိမ်တည်းအတူနေရမှာကို သူအရင်က သိပ်ရွံခဲ့ဖူးပေမယ့် အခုလို
တမင်တကာရှောင်ရခံသလိုဖြစ်နေတော့
နှလုံးသားက ခံရခက်နေသည်။ဘယ်လိုဖြစ်ဖြစ်ပါလေ ၊ဒီအခြေအနေကို
အရင်ကတည်းက လိုချင်ခဲ့တာပဲ။ပြန်မလာလည်း အေးတာပဲ။အဲ့မျက်နှာမြင်နေရရင် စိတ်ရှုပ်နေရတယ်။အိပ်ရာပေါ် မှာ ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နဲ့ အိပ်မပျော်ဖြစ်နေတာ
မို့ နောက်ဆုံးတော့ ရိပေါ် ရဲ့အဖော်က
ဆေးလိပ်သာ ဖြစ်နေရတော့သည်။သူ့ဘက်က ယွီအားရှင်းဆီကို ဖုန်းဆက်ပြီး
မင်းဘာလို့အိမ်ပြန်မလာတာလဲလို့
ဖုန်းဆက်မေးရင် ထူးဆန်းတယ် အထင်ခံရမှာလည်းဆိုးသည်။ယွီအားရှင်းသည် ဒီအိမ်ကိုရောက်လာကတည်းက သူ့ကို ကြောက်ရွံ့နေပုံရတဲ့
မျက်ဝန်းတစ်စုံနဲ့ အမြဲတမ်းကြည့်လာ
တတ်သည်။သူ့ဘက်ကလည်း နူးညံ့ညင်သာမှုမရှိပဲအမြဲတမ်း ကြမ်းကြမ်းတမ်းတမ်းဆက်ဆံခဲ့တာမို့ ယွီအားရှင်း အဲ့လိုဖြစ်သွားတာလည်း ဖြစ်နိုင်သည်။
YOU ARE READING
I'm not real your husband ✔✔
FanfictionSeme- wang yi bo Uke-xiao zhan Yizhan Fanfiction written by -Lay Pyi Thway Nge