14.သူက ရှောင်းကျန့်ဆိုတဲ့ ကောင်လေးကို ချစ်တာမဟုတ်ဘူး!!

7.8K 711 131
                                    

Unicode

14. ဝမ်ရိပေါ် ရဲ့ အဖြူရောင်နတ်သားလေး

"ကောင်းလား?"

နှုတ်ခမ်းချင်းခွာလိုက်တာနဲ့ ရုတ်တရက်အမေးခံလိုက်ရတော့ ယောင်ယမ်းပြီး
ရှောင်းကျန့် ခေါင်းငြိမ့်ပြလိုက်သည်။
ဒါအမှန်တရားဆိုပေမယ့် သူခေါင်းမငြိမ့်ပြသင့်ဘူး။ရှက်လွန်းလို့ ပါးနှစ်ဖက်က
ရဲတွတ်လို့နေပြီး။သူ တကယ်ပဲ အဲ့လိုအနမ်းခံရတာကို သဘောကျတယ်။ဒါပေမဲ့
ဝမ်ရိပေါ် တစ်ယောက်တည်းပဲ။သူက
ငါ့ကို နှာဘူးကောင်လို့ ထင်သွားမှာလား။

"ဒါဆို ယူအုံးမလား?"

နှုတ်ခမ်းလေးဆူကာ သူ့ကိုချစ်စဖွယ်
ခေါင်းခါပြတော့ ရိပေါ် အသည်းယား
လွန်းလို့ လက်ဖဝါးနဲ့ ပါးနုနုလေးကို
ဖြစ်ညှစ်လိုက်သည်။

"ဘာလို့ အဲ့လောက်ငိုရတာလဲ? ဟမ်
ကိုယ့်ကို ပြောပါအုံး"

ရှောင်းကျန့်ဘာမှမဖြေပဲ ခေါင်းကလေးသာခါပြလိုက်သည်။

နူးညံ့ပြီးချိုလိုက်တဲ့ ဝမ်ရိပေါ် စကား
ကြောင့် သူ့ နှလုံးသားလေး
ပေါက်ကွဲတော့မတတ် ဖြစ်သွားရသည်။
ဝမ်ရိပေါ် ကရှောင်းကျန့်ခေါင်းပေါ် သူ့လက်ဖဝါးလေးတင်ပြီး နဖူးပေါ် အနမ်းတစ်ပွင့်ခြွေလိုက်သည်။

"ဗိုက်ဆာတယ်ဆို?"

ရိပေါ် ဆိုရင်း အစိမ်းကြော်အနည်းငယ်
ခပ်ပြီး ရှောင်းကျန့်ကိုကျွေးလိုက်သည်။
နှုတ်ခမ်းထောင့်လေးအနည်းငယ်ပေ
သွားတော့ ရှောင်းကျန့်က လျှာနဲ့သပ်ဖို့လုပ်တဲ့အချိန် ရိပေါ် က ဦးပြီး သူ့လျှာနဲ့ ယက်
လျိုကျသညျ။

အိုက်ယား!ဒါ ရှက်ဖို့ကောင်းပေမယ့်
ငါအရမ်းကြိုက်တယ်! !

ဒီလိုနဲ့ ကားပေါ် မှာ နှစ်ယောက်သား
ထမင်းအတူစားကြပြီး တစ်ယောက်ကို
တစ်ယောက် တင်းတင်းကျပ်ကျပ် ဖက်
ထားကြသည်။

"ခုနက မိန်းကလေးက ဘယ်သူလဲ"

သူ့ရင်ခွင်ထဲကနေ ခေါင်းမော့မေးလာသော ယုန်ပိစိလေးကို ရိပေါ် ငုံ့ကြည့်ပြီး
နဖူးချင်းထိကပ်လိုက်သည်။သူ့ရဲ့လက်တစ်ဖက်ကလည်း ရှောင်းကျန့်လက်ဖဝါး
လေးကို ပွတ်သပ်နေသည်။

I'm not real your husband ✔✔Where stories live. Discover now