Unicode
Paris ကို ပြန်ရောက်လာတဲ့အချိန်က ညနေ 6နာရီလောက်ရှိသည်။ အရမ်းကြီးပင်ပမ်းလားဆိုတော့ ဝက်ကလေးတွေကြောင့် ပြေးလွှားခဲ့ရတဲ့အချိန်က အသက်တောင်မနည်းရှူနေရသည်။ဒါသူတို့နှစ်ယောက်ရဲ့အမှတ်တရမို့ ရှောင်းကျန့်ကတော့ အမြဲရနေမည်။ထင်မှတ်မထားပဲ အန်ဒရီယာနဲ့
သိခွင့်ရပြီး အန်ဒရီယာရဲ့ နောက်ဆုံးခရီးကို စိတ်ဖြောင့်ဖြောင့်သွားနိုင်ဖို့ သူအကူအညီပေးနိုင်ခဲ့သည်။ဒါတွေအားလုံးက ဝမ်ရိပေါ် ဆိုတဲ့လူကြီးက သူ့ဘေးမှာ
တစ်ချိန်လုံး ရှိနေပေးလို့မဟုတ်ပါလား။
ကြာလာလေလေ ဒီလူကြီးကို
ပိုပိုသဘောကျလေဆိုတာကို ကိုယ့်ကိုယ်ကိုသိနေသည်။လူကြီးတွေကသူတို့ပြန်ရောက်လာတာနဲ့ ဝမ်းသာအားရနဲ့ ပြေးဖက်ကြတော့သည်။
"ပင်ပမ်းလာကြတယ် သွားနားချေ"
ဝမ်ရှန်းရီစကားကို ချင်းရာလည်း
ထောက်ခံလိုက်သည်။ ကလေးနှစ်
ယောက်အဆင်ပြေတာကို မြင်တော့
ဝမ်ရှန်းရီရော ချင်းရာပါ အတော်
ကျေနပ်နေမိသည်။ဝမ်ရှန်းရီကျတော့
ဝမ်ရိပေါ် ကို ရှောင်းကျန့်နဲ့မြန်မြန်ညှိ
စေချင်သည်။ဒါမှ အတိတ်ဟောင်းက
အဖြစ်အပျက်ကို မေ့သွားနိုင်မည်လေ။
သူငယ်ချင်းနှစ်ယောက်ကအချိန်တိုင်းလိုလို ကလေးနှစ်ယောက်အကြောင်းကို ဆွေးနွေးဖြစ်ခဲ့သည်။ရာရာကလည်း သူ့ရဲ့ကလေးဆန်တဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ် လိုလုံခြုံစိတ်ချရတဲ့လူထဲအပ်ချင်သည်။"ဝါး...ဟား...ဟား..."
ရုတ်တရက် တရယ်တမောနဲ့ အခန်းထဲ
ပြေးဝင်လာတဲ့ဝမ်ရှန်းရီကြောင့်
အိပ်မှုန်စုန်မွှားနဲ့ ရိပေါ် ရောရှောင်းကျန့်
ပါ ပြိုင်တူထလာသည်။သူတို့က မျက်လုံးကိုတောင်မနည်းဖွင့်ကြည့်ရသည်။ဝမ်ရှန်းရီက ကုတင်ပေါ် ပြေးတက်လာပြီး
သူ့တို့နှစ်ယောက်ကို ဖက်လိုက်တာကြောင့်
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။"မား ဘာဖြစ်လို့လဲ"ဝမ်ရိပေါ် မေးလိုက်သည်။
"ဟို မသာကောင် ချန်းလုံအန်လေ စောက်ရှက်ကွဲသွားတယ် ဟား..ဟား အား...
ပျော်လိုက်တာ"
YOU ARE READING
I'm not real your husband ✔✔
FanfictionSeme- wang yi bo Uke-xiao zhan Yizhan Fanfiction written by -Lay Pyi Thway Nge