Unicode
ဝမ်ရှန်းရီသည် ဥက္ကဋ္ဌဝမ်ရဲ့သား ဝမ်ယွင်ချုံနဲ့လွန်ခဲ့သော 5နှစ်က ကွာရှင်း
ခဲ့ကြသည်။လင်းမယားချင်းမဆင်မပြေဖြစ်လို့ ဝမ်ရှန်းရီဘက်က ကွာရှင်းခွင့်
တောင်းပြီး သူမဟာပြင်သစ်
နိုင်ငံသားတစ်ယောက်နဲ့ လက်ထပ်သွားခဲ့တယ်။အဲ့ဒီနောက် ဝမ်ယွင်ချုံက သူသိပ်ချစ်ရတဲ့ ဇနီးလေးကြောင့်အိပ်ရာထဲဗုန်းဗုန်းလဲပြီး နောက်ဆုံးမှာတော့
သူဟာလောက ကြီးကနေ အပြီးအပိုင်ထွက်ခွာသွားတော့သည်။ဝမ်ရှန်းရီသည် သားကိုချစ်ပေမယ့်
ဒီလိုအချိန်မှာ ဖအေနဲ့အတူနေခဲ့တာက
အကောင်းဆုံးလို့တွေးမိပြီး လင်နဲ့သားကို
ချန်ရစ်ခဲ့ကာ နိုင်ငံခြားကို ထွက်သွားလေသည်။သားရဲ့နှလုံးသားနုနုလေးမှာ
ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နှက်နေမှာကိုတော့ သူမတွေးမိပုံမပေါ် ပေ။အခုလည်း သားရှိတဲ့အိမ်ကို သူမကိုယ်တိုင်စုံစမ်းပြီး ရောက်လာတာဖြစ်သည်။သေချာပေါက် ဝမ်ရှန်းရီသည်
အနည်းဆုံးတော့ ဒီအိမ်မှာ တစ်ပတ်လောက်တော့သောင်တင်နေမှာ သေချာသည်။သူမက သားဖြစ်သူလပ်ထပ်သွားတယ်လို့ သတင်းကြားကြားချင်းပဲ တရုတ်ပြည်ကိုပြန်လာခဲ့သည်။လက်ထပ်တာတောင်
မိန်းကလေးမဟုတ်ပဲ ယောကျာ်းလေးဖြစ်နေတာကြောင့် မိခင်တစ်ယောက်အနေနဲ့
လက်မခံနိုင်ပေ။ရိပေါ် လည်း မားကိုစိတ်ဆိုးနာကျည်းပေမယ့် အခုလို သူ့ဆီပြန်လာတော့
မောင်းထုတ်ဖို့တော့ဆန္ဒမရှိပေ။သူ့
ယာကျာ်းဟို ပြင်သစ်ကောင်ကြီးသာ
ပါလာရင်တော့ မားကိုလက်ခံချင်မှ
လက်ခံမည်။ရှောင်းကျန့်ကို အခန်းထဲလိုက်ပို့ပေးပြီးနောက် အောက်ထပ်ကိုပြန်
ဆင်းလာကာသူ့မားအတွက် အန်တီကြီးကို အခန်းတစ်ခန်းရှင်းခိုင်းလေသည်။လွန်ခဲ့သော ငါးနှစ်က ရိပေါ် က ဒီလောက်စိတ်ဆတ်တဲ့သူမဟုတ်ပါလေ။မိဘတွေအဆင်မပြေတာရယ်၊ မိခင်ရဲ့ထားရစ်ခြင်းကို ခံရတာရယ် သူသိပ်ချစ်တဲ့ပါးပါး
လောက ကြီးကနေ ထွက်သွားတာရယ်
ပေါင်းပြီး သူ့စိတ်ထဲ အမာရွတ်တစ်ခုလိုကျန်နေခဲ့သည်။
YOU ARE READING
I'm not real your husband ✔✔
FanfictionSeme- wang yi bo Uke-xiao zhan Yizhan Fanfiction written by -Lay Pyi Thway Nge