Unicode
" ရာရာ နင်တို့ဘယ်မှာနေတာလဲ"
"Le Golf De Parisနားက အိမ်ရာမှာ"
"အိုက်ယား ငါတို့အိမ်က နှစ်ထပ်အိမ်အကြီးကြီးပဲ လင်မယားနှစ်ယောက်ပဲ
နေတာ။အဆင်ပြေရင် ငါတို့ဆီ ပြောင်းနေပါလား ရာရာ နင့်အမျိုးသားနဲ့ ဆွေးနွေးကြည့်"ဝမ်ရှန်းရီရဲ့စကားကြောင့် ချင်းရာက
ယောကျာ်းဖြစ်သူJohnson ကို ကြည့်ပြီး ပြင်သစ်လိုစကားအနည်းငယ်ဆိုသည်။
Johnရဲ့ပုံစံက ဇနီးသည်ဘာပဲလုပ်လုပ်
ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် အကုန်လက်ခံပုံရသည်။Johnဘက်က လက်ခံတဲ့အရိပ်အယောင်ပြတော့ ဝမ်ရှန်းရီက
ယောကျာ်းဖြစ်သူ Mackkiကို ကြည့်ပြီး
မျက်ခုံးပင့်ပြလိုက်သည်။ထိုယောကျာ်း
နှစ်ယောက်သည် အရပ်အမောင်းမြင့်မားပြီး နှာခေါင်းချွန်ချွန်လေးတွေနဲ့ ပါးမြိုင်းမွှေး ၊ပါးသိုင်းမွှေး၊နှုတ်ခမ်းမွှေးတွေကို ပိုင်ဆိုင်ကြတာချင်းတူရုံမက ယောကျာ်းပီသပြီး တစ်ယောက်တစ်မျိုး ဆွဲဆောင်မှုရှိနေသည်။ရှောင်းကျန့်က လူကြီးတွေစကားပြောနေတဲ့အချိန် ပြန်ရောက်လာတာမို့ သူ့အမေက
အိမ်ပြောင်းမယ်ဆိုတာသိတော့ မျက်နှာက ချက်ချင်းစူပုတ်သွားသည်။ သူက သူ့အမေနားနားကပ်ချွဲနေပြီး အိမ်မပြောင်းချင်ဘူးဆိုတဲ့ အမူအရာနဲ့ပြလိုက်သည်။ ချင်းရာက ကလေးဆန်လွန်းတဲ့ သားလေးရဲ့
ဖြောင့်စင်းနေတဲ့နှာတံလေးကို ချစ်စနိုးနဲ့
ဆွဲညှစ်ကာ ပြုံးလိုက်ပြီး"သားဟိုရောက်ရင် ပျော်သွားမှာပါ ၊မားလည်းပါတယ်လေ။အန်တီကလည်း
အရမ်းသဘောကောင်းတာ "သူ့မားရဲ့စကားကို ရှောင်းကျန့်လက်မခံချင်ပေမယ့် ငြင်းလည်းမငြင်းနိုင်ဘူး။
အဲ့အိမ်ကြီးကို သူမသွားချင်တဲ့အကြောင်းအရင်းက အခုပြန်ရောက်လာပြီး သူနဲ့မျက်နှာချင်းဆိုင်ဝင်ထိုင်တဲ့လူကြီးကြောင့်
ဖြစ်သည်။ဒီလူကြီးရဲ့အကြည့်ကို သူလုံးဝသဘောမကျဘူး။ မြင်မြင်ချင်း လူတစ်ယောက်ကို အမြင်ကပ်မိတာ သူ့ဘဝမှာ
ဒါပထမဦးဆုံးပေ။အချိန်ပြည့်သူ့ကို ချစ်ရည်ရွမ်းတဲ့အကြည့်နဲ့ သူက ဘာလို့လာကြည့်နေတာလဲ။ဒါတောင် သူတို့တွေ့တာ နေ့တစ်ပိုင်းမရှိသေးဘူး။အခု အဲ့အိမ်ကြီးကို ပြောင်းသွားရင်
ရော ဒီလူကြီးက သူ့ကို ဘာမှမလုပ်ပါဘူးလို့ အာမခံနိုင်မှာတဲ့လား။
YOU ARE READING
I'm not real your husband ✔✔
FanfictionSeme- wang yi bo Uke-xiao zhan Yizhan Fanfiction written by -Lay Pyi Thway Nge