16.ချစ်သူ စွာတေးလန် (ခ်စ္သူ စြာေတးလန္)

7.6K 736 78
                                    

Unicode

ရှောင်းကျန့်နာမည်နဲ့လူကို ရှာခဲ့ပေမယ့်
သူတို့လုံးဝရှာမတွေ့ခဲ့ဘူး။ကျန့်လွီယန့်ကလည်း ခုလောလောဆယ် အသည်းကွဲဘုရင်ကြီးဖြစ်နေတဲ့ သူ့သူငယ်ချင်းကို
အလုပ်တွေကူပေးရုံမကနေ့မနား ညမနား ကူရှာပေးခဲ့ပေမယ့် ဝမ်းနည်းစရာကောင်းစွာ ရှာမတွေ့ခဲ့ကြဘူး။

အချိန်နှစ်လကြာသွားတော့ ယွီအားရှင်းက
လုံးဝပြန်ကောင်းလာခဲ့ပြီး။သူက အခုတလော ဥက္ကဋ္ဌဝမ် နားပဲ ကပ်နေတယ်။
ဒါကို ဝမ်ရိပေါ် သိပေမယ့်စောက်ဂရုမစိုက်ပေ။ဒီလူက အတော်လေး ခေါင်းမာပြီး
တော်ရုံနဲ့ သေမယ့်လူမဟုတ်မှန်း သိတာမို့
သူတမင်ပင် အားရပါးရပါးထိုးပြစ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးတော့ယွီအားရှင်းသည် လွယ်လွယ်နဲ့ သူ့ကို လက်လွတ်မှာမဟုတ်ဘူးလို့ ဝမ်ရိပေါ် အသေအချာနားလည်လိုက်သည်။သူကဆေးရုံကဆင်းတာနဲ့ အဘိုးဆီသွားပြီးသူတို့နှစ်ယောက်က အရင်တုန်းက
ဟန်ဆောင်လက်ထပ်ခဲ့ကြတဲ့အတွက်
တောင်းပန်စကားဆိုခဲ့သည်။အခု သူတို့နှစ်ယောက်ကို တရားဝင်လက်ထပ်ဖို့
အဖိုးက ဝမ်ရိပေါ် ကို ပြောပေးပါလို့
သွားပြီး သူအချိန်ပြည့် မုန့်တောင်းသလိုပူဆာနေတော့သည်။ဝမ်ရိပေါ် ဘက်ကလုံးဝကို အပြတ်ငြင်းတော့ ဥက္ကဋ္ဌဝမ်လည်း ဘာမှမတတ်နိုင်ခဲ့ဘူး။

သူ့မြေးက သူ့ရဲ့အတင်းတိုက်တွန်းမှုကြောင့်သူလက်ထပ်ခိုင်းတဲ့လူနဲ့လက်ထပ်ခဲ့ပြီးပြီး။အခြားလူကို အစားထိုးမှန်းသိတော့
သူလည်း ဒီတစ်ခါ သူ့မြေးကို မတိုက်တွန်းချင်တော့ဘူး။သူ့စကားကိုလည်း နားထောင်ချင်မှ နားထောင်တော့မည်။

အချိန်က 7လကို ရောက်ရှိလို့လာပြီး၊ခုချိန်ထိ သူ့ရဲ့ချစ်ဇနီးလေးရဲ့သတင်းကို လုံးဝမရသေးဘူး။နောက်ဆုံး ဝမ်ရိပေါ် မခံစားနိုင်တော့လို့သူ့အမေဆီဖုန်းဆက်လိုက်သည်။အကြောင်းကတော့ သူ့အမေနဲ့ ရှောင်းကျန့်က အတော်လေး ကိုက်ညီပြီး ချစ်ခင်ကြတဲ့သူတွေဖြစ်တာကြောင့်ဖြစ်သည်။
ဝမ်ရှန်းရီကလည်း သားဖြစ်သူပြောပြတဲ့
အကြောင်းအရာတွေကို နားထောင်ပြီး စိတ်မကောင်းဖြစ်နေသည်။ နောက်ဆုံး သူက သူ့သားကို ပြင်သစ်ကို ခဏအလည်လာဖို့ ဖိတ်ခေါ် လိုက်သည်။ရိပေါ် ကသွားမယ် မသွားဘူးလို့ သူ့အမေကို တစ်ခွန်းမှ
မပြောပေ။

I'm not real your husband ✔✔Tempat cerita menjadi hidup. Temukan sekarang