Unicode
အခန်းကနေထွက်ထွက်လာချင်း အပေါ် တက်လာတဲ့ ဝမ်ရှန်းရီက ရှောင်းကျန့်
ကိုမြင်တော့အပျိုမလေးတစ်ယောက်လို မြှောက်ကြွမြှောက်ကြွနဲ့ ပြေးလာသည်။ရှောင်းကျန့်လည်း သူမကိုမြင်လိုက်တာနဲ့
မျက်ဝန်းတွေကကြယ်တစ်ပွင့်လိုတောက်ပနေသည်။"အားရှင်း သားဖင်ပြပါအုံး"
ရှောင်းကျန့်လည်း ယောင်ယောင်နနနဲ့
ဝမ်ရှန်းရီဘက် ဖင်လှည့်လိုက်ပြီး
ဝမ်ရှန်းရီလက်တစ်ဖက်က သူ့တင်သားကို
ထိတော့မယ့်အချိန်မှာ
သတိပြန်ဝင်လာကာ ပြာပြာသလဲ
နောက်ဆုတ်သည်။ခြေထောက်က
အရှင်းမပျောက်သေးဘူးဆိုပေမယ့်
ပျောက်လုပြီးလို့ပြောနိုင်တာကြောင့်
သူလဲကျမသွားပေ။"မား..."
"ဟီး ဆောရီး ဆောရီး အားရှင်း မားလောသွားလို့"
အရယ်ကလေးနဲ့ဝမ်ရှန်းရီဆိုရင်း
သူ့ တစ်ကိုယ်လုံးကို လိုက်စစ်
တော့ ရှောင်းကျန့်အနေခက်လာ
သည်။"ညတုန်းက ငါးမန်းကြီးက ရေဘယ်နှစ်ခါကူးလဲ မားကိုပြောပါအုံး"
" မား ဘာလို့ရှက်စရာကောင်းတာတွေ
လာမေးနေတာလဲ""ရှက်စရာကောင်းတယ်လို့ ဘယ်သူပြောလဲ၊ ဝမ်လေးက သားကို ဘာမှမလုပ်ဘူးလား။မားသားအတွက် ဝယ်ထားတဲ့ဆေးရှိတယ်လေ ဒီတစ်ခါ မိုးပေါ် ထောင်အောင်
ဆေးကိုတစ်ဝက်လောက်သာထည့်လိုက်စမ်းပါ။ငါ့သားဖြစ်ပြီး စောက်သုံးမကျလိုက်တာ "လက်မနဲ့လက်ညိုးကိုသုံးပြီး မေးပွတ်ကာ
ဝမ်ရှန်းရီဆိုတော့ ရှောင်းကျန့် ခေါင်းကုပ်နေမိသည်။"မား အဲ့ဒါကို မေ့လိုက်ပါတော့ "
ဝမ်ရှန်းရီသည် ရှောင်းကျန့်ကို လက်ကာပြပြီး အကြံရသွားတဲ့မျက်နှာမျိုးနဲ့ လေချွန်ကာ ကိုယ်တစ်ပတ်လှည့်လိုက်သည်။သူက
ရှောင်းကျန့်ပခုံးပေါ် လက်တင်ပြီး ကျန်လက်တစ်ဖက်နဲ့ ပါးကိုဆွဲညှစ်လိုက်သည်။"မဟုတ်ဘူး အားရှင်း ၊သားစိတ်ဓာတ်ကျစရာမလိုဘူး။သားလေ့လာထားရမှာက
ငါးကြီးရေးကူးတဲ့အချိန်ကျရင် ဘယ်လို
အော်ရမလဲ ၊ဘယ်လို ညည်းရမလဲဆိုတာပဲ။သားအသံက သူ့နားထဲ ပျားရည်လောင်းထည့်ထားသလိုဖြစ်နေတယ်ဆို
သူက သားကိုလွတ်ပေးတော့မှာမဟုတ်ဘူး
သူ့ရှေ့ရောက်တာနဲ့ ဘယ်လိုချွဲရမလဲ
စကားပြောတာကအစအရေးကြီးတယ်။
ယောကျာ်းတွေက အေးစက်တဲ့လူတွေထက် အဲ့လိုလူတွေကို ပိုသဘောကျတယ်"
BẠN ĐANG ĐỌC
I'm not real your husband ✔✔
FanfictionSeme- wang yi bo Uke-xiao zhan Yizhan Fanfiction written by -Lay Pyi Thway Nge