Unicode /////
မင်းခြေလှမ်း တစ်လှမ်း လှမ်းလိုက်တိုင်း ကိုယ်ကဘဲ မင်းရဲ့ ခြေလှမ်းတွေရဲ့ သွားတဲ့ အတိုင်း တပ်ကြပ်မကွာ လိုက်နေမှာပါ ....
ဂျောင်ကု ကိုယ်တိုင် ထယ်ယောင်းနဲ့ သူ့အတွက်ကိုယ်တိုင် ဒီဇိုင်းဆွဲထားပြီး ဆင်တူ လက်စွပ်လေးကို ဈေးတန်းက အဖိုးခ နည်းပြီး သေသပ်လွန်းသည့် ရတနာ ပစ္စည်းဆိုင်တွင် သူ အော်ဒါမှာခဲ့သည်
" သခင်လေး ရောက်လာပြီလား "
ဆိုင်ထဲဝင် ဝင်ခြင်း လှမ်းနူတ်ဆက်လိုက်တဲ့ ဆိုင်ပိုင်ရှင်ဟာ ချက်ချင်းဘဲ အနောက်ထဲ ဝင်ကာ သစ်သားဗူးလေးကို ကိုင်ရင်း ခဏလောက် အကြာတွင် အရှေ့ကို ပြန်ထွက်လာခဲ့သည်
"သခင်လေး မှာထားတဲ့ အတိုင်း ကျွန်တော် သေချာလုပ်ထားပေးပါတယ် စိတ်တိုင်းကျရဲ့
လားဆိုတာ ကြည့်ပေးပါအုံး "လှမ်းပေးလာတဲ့ သစ်သားဗူးလေးကို
ဂျောင်ကုယူလိုက်ရင်း စိတ်လှုပ်ရှားစွာနဲ့ ဗူးလေးကို ဖွင့်တော့ သေသပ်လှလွန်းပြီး ရိုးရှင်းလှတဲ့လက်ကေစွပ်လေး နှစ်ခုဟာ
တလက်လက်တောက်ပ လျှက်
![]()
К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое. "သခင်လေး ဆွဲပေးတဲ့ လက်စွပ်ပုံစံနဲ့ ထပ်တူ
ကျရဲ့လား ဗျ "ဂျောင်ကု တွေးမိပါသည် ဒီလို သိပ်လှပြီ ရိုးရှင်းလွန်းတဲ့ လက်စွပ်လေးသာ ထယ်ယောင်းရဲ့ လက် ချောင်း သွယ်သွယ် ပေါ်က လက်သန်းကြွယ် တွင် ဘယ်လောက် လှမလဲ ဆိုတာကို ပုံဖော်ကြည့်ရင်း သူပြုံးမိပါသည်
" တာဝန်ကျေပါတယ် အခုလိုမျိူး သေချာပုံဖော်ပေးတဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ် "
"မဟုတ်တာ သခင်လေး လိုတဲ့ အခါ ဒီဆိုင်လေးကို ပြန်လာနိုင်ပါတယ် သခင်လေး ခိုင်းသမျှကို အကုန်လုပ်ပေးပါမယ် သခင်လေး ကျေးဇူးလဲကျွန်တော် တို့အပေါ် နည်းတာမှမဟုတ်တာ "
