십삼

2.6K 359 30
                                    

Unicode>>>>>

အချစ်နဲ့ လက်တုံ့ပြန်မှုဆိုတဲ့ အရာကို
ကံတရားက ရွေးချယ်ခိုင်းခဲ့တဲ့အခါမှာဘဲ
သူ ပျော်ပျော်ကြီး လက်တုံ့ပြန်မှုဆိုတဲ့
အရာကို မျက်စိစုံမှိတ်ပြီး သူရွေးချယ်ခဲ့သည်

အချစ်ကို သူ မျက်စိစုံမှိတ်ပြီး ရူးမိုက်အောင် ချစ်ခဲ့ဖူးသည် နာကျင်ခဲ့သည်
နောက်တစ်ခေါက် ထို အချစ်ကိုဘဲ
သူ မရွေးချယ်ချင်ပါ အဓိက သူ့ရဲ့ တစ်ဦးတည်းသော ချစ်ရတဲ့သူကို ထပ်ပြီး အရှုံးဆုံး မခံချင်တော့တာမို့.....

"ဂျွန် ပြန်လာတည်းက မျက်နှာမကောင်းပါလား"

အခန်းထဲသို့ စာအုပ်တစ်ချိူ့နှင့် ဝင်လာတဲ့ အကို ဖြစ်သူ နမ်ဂျွန်း

" ဟုတ်လား အဲ့လို ပုံပေါ်နေလို့လား "

ကိုယ့်မျက်နှာကို ကိုယ်ပြန်စမ်းရင်း အကို
ဖြစ်သူ နမ်ဂျွန်း ကို ပြန်မေးနေတဲ့ ဂျောင်ကု

" ခရီးပန်းလာတယ်ဆိုလဲ နားတော့လေ "

"ဒါနဲ့ အကို့ လက်ထဲက စာအုပ်တွေက "

နမ်ဂျွန်း ပုံစံက ဂျောင်ကု ပြောလိုက်မှ သတိရသွားတဲ့ ပုံပေါ်သည်

"အော်... ငါမေ့နေတာ ဒါမင်းကို ပေးမလို့
ဟိုတစ်ခါ စျေးသည်တွေ ဆီက ဟိုလူတွေ အမြတ်စားထားတဲ့ စာရင်းတွေ.. "

လှမ်းပေးလိုက်တဲ့ စာအုပ် တွေကို ယူပြီး
ထိုအထဲကမှ ပထမဆုံး စာအုပ်ကို ယူလိုက်ကာ မြင်လိုက်ရတဲ့ နာမည်တစ်ခု

"ကင်ဗြောင်ဆွန်း "

ဒီနာမည်ဟာ သူ့အတွက် ဒီတစ်သက် မမေ့နိုင်တဲ့ နာမည်တစ်ခု ရင်ဖက်ပေါ်က ဒဏ်ရာကို သူမြင်တိုင်း ထိုအမည်ကို သူ့
နူတ်က အမြဲတနေဆဲ ကောင်းခြင်းတော့
မဟုတ်

" အဲ့လူက ဒီနယ်မှာ တော်တော်ဆိုးဆိုးလို့
ပြောတယ် ဂျွန် စျေးသည်တွေ အတိုးပုံမှန်
မဆပ်နိုင်ရင် ဆိုင်တွေကို ဖျက်ဆီးပစ်ပြီး
အပိုင်သိမ်းပစ်တယ် "

သူ မထင်ခဲ့တဲ့ သူဟာ အရင်က ထက်ပိုပြီး
ရက်စက်ယုတ်မာ နေတတ်ပါရောလား

" လယ်ထဲက လူတွေ အကြွေးမဆပ်နိုင်ရင် သားပျိူသမီးပျိူ မှန်သမျှ
သူ့လက်ထဲ အကုန်ပါကုန်တာ တော်တော်ဆိုးဆိုး လူဘဲ "

𝑇ℎ𝑒 𝑊𝑜𝑟𝑑𝑠 𝐼𝑛 𝑀𝑦 𝐻𝑒𝑎𝑟𝑡 [ Completed ]Donde viven las historias. Descúbrelo ahora