Unicode >>>>>မြင်လိုက်ရတဲ့ ထယ်ယောင်းရဲ့ မျက်နှာ နဲ့
ပုံစံ အသွင်ပြင်ကြောင့် ဂျောင်ကု ခမျာ ထိုနေ
ရာတွင် အရုပ်ကြိုးပျက် ထိုင်ချကာ
ထယ်ယောင်း အား ငေးကြည့်နေမိသည်။" ဂျောင်~~~ကု~~~"
ငိုသံလေးဖြင့် တိုးညင်းစွာခေါ်လိုက်တဲ့ သူ့ရဲ့
အနာဂတ် ကမ္ဘာငယ်လေးရဲ့ အသံကြောင့်
ဂျောင်ကု နှလုံးတွေဟာ သေမတက် နာကျင်
လာသည်။" ငါထင်တဲ့ အတိုင်းဘဲ မင်းရဲ့ အသက်ကြိုးက
ထယ်ယောင်း ဖြစ်နေတာကိုး အဟက်!!!
ငါ အခု မင်းကို ဘာမှ တောင် မလုပ်ရသေးဘူး ထယ်ယောင်း ရဲ့ အခု ပုံစံနဲ့တင် မင်းမှာ သေမလိုဖြစ်နေပြီ "အဝတ်စားတွေကို ပြန်ပြင်ဝတ်ရင်း ဂျောင်ကု
ကို ခနောက်နေတဲ့ ဗြောင်ဆွန်း။ ထယ်ယောင်း
ခမျာ တွေ့တဲ့ စောင်စကို သူ့ရဲ့ ကိုယ်ကို
ဖုံးရင်း ဂျောင်ကု ကို မျက်ရည် အရွဲသားဖြင့်
ငေးကြည့်နေမိသည်။" တောင်းပန်ပါတယ် ဂျောင်ကု "
ဂျောင်ကု ကတော့ ဘာစကားမှ မပြောနိုင်ဘဲ
ထိုနေရာတွင်သာ ငေးလျှက်ကြည့်နေမိသည်။" ဘယ်လိုလဲ မင်း ရဲ့ သိပ်ချစ်ရပါပြီဆိုတဲ့
ဒီကောင်ကို ငါနဲ့ အတူ မြင်လိုက်ရတဲ့ စောနက မြင်ကွင်းကြောင့် မင်း ဘယ်လို
ခံစားနေရလဲ "ဂျောင်ကု ရဲ့ လည်ပင်းကို ဓားဖြင့်ထောက်ရင်းမေးလိုက်တဲ့ ဗြောင်ဆွန်း
" တောင်းပန်ပါတယ် ထယ်....
ကိုယ့် ရဲ့ အမှားတွေ
ကြောင့် ထယ် အခုလိုမျိူး "တိုးညင်းစွာ ဂျောင်ကု ရေရွတ်နေပမဲ့ ထိုစကားသံကို ထယ်ယောင်းလေး ခမျာ
ကြားနိုင်ပါ့မလား ။ သူ့ရဲ့ အမှားတွေကြောင့် အဲ့နေ့ညက ထယ်ယောင်းကို သူ တစ်ယောက်ထဲ မထားခဲ့လျှင် ယခုလို ဖြစ်မည် မဟုတ်ပေ။ဂျောင်ကု လဲ ပြောစရာ စကားတစ်ခွန်းက
တောင်းပန်ပါ ဆိုသည့် စကား။ ထယ်ယောင်း
လဲ ဂျောင်ကု ကို ပြောသည့်စကားဟာလဲ
တောင်းပန်ပါသည် ဆိုတဲ့ စကားပင်" ငါ့ တစ်သက်မှာ ဒီလို မြင်ကွင်းမျိူးကို မြင်ရ
လိမ့်မယ်လို့ မထင်ထားဘူး "
أنت تقرأ
𝑇ℎ𝑒 𝑊𝑜𝑟𝑑𝑠 𝐼𝑛 𝑀𝑦 𝐻𝑒𝑎𝑟𝑡 [ Completed ]
أدب الهواةJeon Jungkook X Kim Taehyung Unicode / Zawgyi