3.8K 468 19
                                    

Unicode >>>>>

ဖြူစင်လှတဲ့ ကောင်းကင်ပေါ်က တိမ်တိုက်လေးတွေရယ် နေလှမ်းထားတဲ့ ဝါဂွမ်း နုနု ဖွေးဖွေးလေးတွေရယ်
ဖြူဖွေးနေတဲ့ သိုးလေးတွေရယ် ပြီးတော့ ဖြူဖွေးစင်ကြယ်လှတဲ့ သခင်လေး ကိုလဲ ရင်ထဲကနေ တိတ်တခိုး
ချစ်တယ်....

"ဂျောင်ကု... "

သိုးလေးတွေ နဲ့ ဆော့ကစားနေတဲ့
သခင်လေး ဖြစ်သူ ထယ်ယောင်း က
အဝေးကနေ လှမ်းကြည့်နေတဲ့
ဂျောင်ကု ကို လှမ်းခေါ်လိုက်သည်

" ဘာလိုလို့လဲ သခင်လေး "

" ဟင့်အင်း... ဒီ အကောင်ကြီးကို
လာကြည့်ပါအုံး... "

သိုးလေးတွေ အုပ်စုထဲကမှ တစ်ကောင်ကို လက်ညိုးထိုးကာ ပြနေတဲ့
ထယ်ယောင်း

" ဘာများလဲ သခင်လေး... "

" ဒီအကောင်ကြီးက ဒီ အထဲမှာ အကြီးဆုံးဘဲ လှလဲ လှတယ်... "

"ဟုတ်ကဲ့... "

ထယ်ယောင်း က ဂျောင်ကု ကို ကြည့်ရင်း စိတ်မရှည်တော့တာကြောင့် ဂျောင်ကု လက်ကို ဆွဲကာ
သူနဲ့ အတူ ထိုင်စေလိုက်သည်

" ဒီလိုထိုင် ကြည့်မှ မြင်ရမှာပေါ့...
ကြည့်စမ်း ပါအုံး... ဒီအကောင်ကြီးက ဗလ လဲတောင့်တယ် ချစ်ဖို့လဲ
ကောင်းတယ်မလား.. "

"ဟုတ်ကဲ့... "

ဂျောင်ကု ထယ်ယောင်း မေးခွန်းကို အလိုက်သင့်ဖြေပေးလိုက်သည်

" အာ... ဟုတ်သားလဲ ဒီအကောင်ကြီးကို ငါတို့ နာမည်ပေးရအောင် "

လက်ခုပ်လေးတီးကာ ပျော်နေတဲ့
ထယ်ယောင်း ရဲ့ အပျော်က ဂျောင်ကု ဆီကို ကူးစက်တက်လားမသိ သူပါ လိုက်ပြုံးမိသည်

" သေချာကြည့်ရင် သူက မင်းနဲ့ တူတာ ဂျောင်ကု ရ.. "

"ဗျာ!! ကျွန်တော် နဲ့ "

"အင်းလေ... ကြည့်ပါအုံး သူက
မင်းလိုဘဲ ဗလနဲ့ ပြီးတော့ အစားလဲ
ကြီးတယ်... "

" သခင်လေး ကလဲ ကျွန်တော်က ဘယ်မှာ အစားကြီးလို့လဲ? "

ထယ်ယောင်း ရယ်လိုက်သည်

" မင်း မမှတ်မိဘူး လား? မင်း ဒီကို
စစရောက်တုန်း ငယ်ငယ်ကလေ ညနေဖက်ကြီး စားဖိုချောင်ထဲမှာ
ပန်းသီး ခိုးစားတာကို ငါမိသွားတာလေ "

𝑇ℎ𝑒 𝑊𝑜𝑟𝑑𝑠 𝐼𝑛 𝑀𝑦 𝐻𝑒𝑎𝑟𝑡 [ Completed ]Hikayelerin yaşadığı yer. Şimdi keşfedin